သွေးတိုးရောဂါက ကမ္ဘာမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ သွေးဖိအားများတာကြောင့် သွေးတိုးဖြစ်လာတာပါ။ သွေးတိုးရောဂါဖြစ်နေရင်းနဲ့ နှလုံး ရုတ်တရပ် ရပ်တန့်တာ (Heart Attacks) ၊ လေဖြတ် (Strokes) ၊ အမြင်အာရုံအားနည်းတာတို့ဖြစ်လာနိုင်ပါတယ်။

ဒီရောဂါတွေဆက်မဖြစ်လာအောင် ဆေးသောက်ပြီး အစားအစာကို ဂရုစိုက်စားရုံနဲ့ ကာကွယ်နိုင်ပါတယ်။

ပျားရည်

Source: www.khoobsurati.com

ပျားရည်က သွေးအတွင်း အချိုဓာတ်ကို လျော့ချပေးနိုင်ပြီး သွေးကြောတွေကို သက်တောင့်သက်သာဖြစ်စေပါတယ်။ ဒါ့ကြောင့် သွေးတိုးကို လျော့ချပေးရာမှာ ကူညီပေးနိုင်ပါတယ်။

အုန်းရည်

Source: www.khoobsurati.com

အုန်းရည်မှာ ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာပါဝင်တာကြောင့် သွေးဖိအားကို လျော့ချပေးပါတယ်။ အဲ့ဒီအပြင် အုန်းရည်က အားရှိစေပါတယ်။

လေ့ကျင့်ခန်းနဲ့ သီချင်း

Source: www.khoobsurati.com

ပုံမှန် လေ့ကျင့်ခန်းလုပ်ပေးပြီး ၊ သီချင်းနားထောင်ပေးရင် သွေးဖိအားကို လျော့ချပေးနိုင်ပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်ဆောင်ပေးတာက သွေးဖိအားကို လျော့ချရာမှာ အဓိက အထောက်အကူဖြစ်ပါတယ်။ သီချင်းကတော့ စိတ်ကို လန်းဆန်းအေးမြစေပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်ရင်း သီချင်းနားထောင်တာက အကောင်းဆုံးပါပဲ။

Tea

Source: www.khoobsurati.com

ဂျင်း လက်ဖက်ရည်က သွေးဖိအားမြင့်နေတာကို ကျဆင်းစေပါတယ်။

ဟင်းသီးဟင်းရွက်နဲ့အသီးအနှံများ

Source: www.khoobsurati.com

ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေ၊ အထူးသဖြင့် ငှက်ပျောသီး၊ ဖရဲသီး၊ အာလူး၊ မုန်လာဥနီ နဲ့ သံပုရာသီးတို့မှာ သွေးဖိအားကို လျော့ကျစေတဲ့ ကွန်ပေါင်းဓာတ်တွေပါဝင်ပါတယ်။

အမည်းရောင် ချောကလက်

အမည်းရောင် ချောကလက်က သွေးဖိအားကို လျော့ကျစေပါတယ်။