စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ဖို့အတွက် ကောင်းမွန်စွာ အိပ်စက်နားယူဖို့ လိုပါတယ်။ အထူးသဖြင့် တစ်နေ့ကို အိပ်ချိန် ၇ နာရီကနေ ၈ နာရီကြား ရှိဖို့ လိုအပ်ပါတယ်။

အိပ်နေချိန်မှာ ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် စွမ်းအင်တွေပြန်လည်ဖြည့်တင်းပေးတာပါ။ နောက်တစ်နေ့ စတင်ဖို့အတွက် ပြန်လည်ပြင်ဆင်တဲ့အချိန်လည်းဖြစ်ပါတယ်။

ကောင်းမွန်စွာအိပ်စက်နားယူမှုမရှိရင်

သွေးတိုး

2-high-blood-pressure

အိပ်ရေး မလုံလောက်၊ ညအိပ်မပျော်တာတွေက နှလုံးကျန်းမာရေးကို ထိခိုက်စေပြီး သွေတိုးစေပါတယ်။

တစ်နေ့ကို ၇ နာရီအောက်အိပ်စက်သူက အပေါ်သွေး သာမန် ၁၂၀ထက် ကျော်လွန်နေတတ်ပါတယ်။

 

အစာပိုစားချင်

3-energy-expenditure

ဒါကြောင့် ညအိပ်မပျော်တာနဲ့ကိုယ်အလေးချိန် တက်တာက ဆက်စပ်မှု ရှိနေတာပါ။ ကောင်းမွန်စွာမအိပ်ထားသူမှာ Leptin ဆိုတဲ့ဓာတ်က မြင့်တက်နေပါတယ်။ အဲ့ဒီ ဓာတ်က အစာပိုစားချင်စိတ်ကို ဖြစ်စေပါတယ်။

အားအင်တွေ လျော့ကျနိုင်

5-exercise

ကောင်းမွန်စွာ မအိပ်စက်ထားရင် ဇီဝကမ္မဖြစ်စဉ်ကို တိုက်ရိုက် ထိခိုက်ပါတယ်။ အိပ်ရေး ပျက်ထားရင် နောက်နေ့မှာ ခွန်အားအပြည့်နဲ့အလုပ်မလုပ်နိုင်ပါဘူး။

ညအိပ်ပျက်တာများတဲ့သူရဲ့ ခန္ဓာကိုယ်မှာ အဆီဓာတ်နဲ့ ကယ်လိုရီတွေ ပိုများတတ်ပါတယ်။ အိပ်ရေးပျက်တာကြောင့် အစားစားချင်စိတ်တွေပိုဖြစ်၊ စားသမျှ အစားအစာတွေက အဆီတွေနဲ့ကယ်လိုရီတွေ ပိုတက်တာကြောင့် ကိုယ်အလေးချိန်တွေအများကြီး တက်လာတတ်ပါတယ်။

အာရုံစိုက်ရခက်ခြင်း

trouble_at_the_office

ညအိပ်ရေးပျက်ထားရင် အာရုံစိုက်ရခက်ပါတယ်။ ဒါကြောင့် နောက်တစ်နေ့ရဲ့ လုပ်ဆောင်နိုင်မှုတွေ ကျဆင်းပါတယ်။ အားနည်းနေတာကြောင့် သေချာ အာရုံစိုက်နိုင်ဖို့ ခက်ခဲပါတယ်။

ကိုယ်ခံအားစနစ် လျော့ကျခြင်း

4-blood-cells

ည ကောင်းကောင်း မအိပ်ထားရင် ကိုယ်ခံစနစ်တွေ ကျဆင်းပါတယ်။ ဒါတွေက ခန္ဓာကိုယ်ထဲကို ရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

ကိုယ်ခံစနစ်အားနည်းရင် ဗားရက်စ်၊ ဘက်တီးရီးယား၊ မှိုတွေကို အလွယ်တကူ ဝင်ရောက်နိုင်ပါတယ်။

စိတ်ဖိစီးမှု

Unknown

အိပ်ရေးပျက်ရင် စိတ်ကြည်လင် ပျော်ရွှင်စေတဲ့ Serotonin ဆိုတဲ့ဓာတ်တွေ လျော့ကျပြီး စိတ်ဖိစီးမှုကို များစေတဲ့ Adrenaline ဆိုတဲ့ဓာတ်တွေ တိုးစေပါတယ်။

ကြွက်သားတွေ အားနည်းခြင်း

အိပ်စက် အနားယူချိန်မှာ ကြွက်သားတွေကလည်း အနားယူရပြီး နောက်တစ်နေ့ စတင်ဖို့ အားယူရတာဖြစ်ပါတယ်။

အိပ်စက်တဲ့အချိန်မှာ ကြီးထွားစေတဲ့ ဟော်မှုန်းဓာတ်တွေလွှတ်တာဖြစ်ပြီး ဒါတွေက ကြွက်သားတွေရဲ့ ဖွဲ့စည်း၊ ကြီးထွားမှုကို သက်ရောက်ပါတယ်။ သေချာမအိပ်ထားရင် ကြွက်သားတွေပိုပြီး အားနည်းပြီး အလွယ်တကူ ပင်ပန်းနိုင်ပါတယ်။