၃ရက်အတွင်းမှာ ဝိတ်ချဖို့ ဆိုတာ သိပ်တော့ မဖြစ်နိုင်ဘူးလို့ ထင်ကြမှာပါ။ ဒါပေမယ့် ကြက်ဥကို အခြေခံတဲ့ Diet Plan လေးကတော့ ၃ရက်အတွင်းမှာ သင့်ကို အကူအညီ ပေးနိုင်လိမ့်မယ် ထင်ပါတယ်။

ဒီ ၃ရက် အတွင်းမှာ အဓိက ရှောင်ရမှာကတော့ ပါစတာ၊ ငံလွန်းတဲ့ အစားအစာ၊ သကြားနဲ့ ချိုလွန်းတဲ့ အစားအစာ၊ Fast Food၊ အဆီများလွန်းတဲ့ အစားအစာ၊ ကြော်ထားတဲ့ အစားအစာတွေ ဥပမာ အာလူးကြော်၊ အကြော်စုံလို အစားအစာတွေပါ။

Diet Plan မတိုင်ခင် ကိုယ်အလေးချိန်ကို သေချာ ချိန်ထားပါ။ ၃ရက်ပြီးရင် ထပ်ချိန်ပါ။

unbelievable-diet-with-eggs-lost-3-kg-in-just-3-days

ပထမနေ့

မနက်စာ – ကြက်ဥပြုတ် ၂လုံး၊ ခရမ်းချဉ်သီး ၂လုံး နဲ့ Green Tea တစ်ခွက် သောက်ပါ။

နေ့လည်စာ – ကြက်ဥပြုတ် ၂လုံး ၊ ငါး (ပြုတ်ထား၊ ကင်ထား) ၁၂၀ ဂရမ် နဲ့ Green Tea တစ်ခွက် သောက်ပါ။

သရေစာ – ပန်းသီးတစ်လုံး

ညစာ – မုန်လာဥ၊ ပန်းပွင့်စိမ်း၊ ပန်းဂေါ်ဖီ၊ ပဲ တို့ကို ကြိုက်နှစ်သက်ရာ တစ်ခုကို စားပါ။ Green Tea တစ်ခွက် သောက်ပါ။

incredible-egg-diet

ဒုတိယရက်

မနက်စာ – ပြုတ်ထားတဲ့ ကြက်ဥ ၂လုံး ၊ ငှက်ပျောသီး ၁လုံး နဲ့ Green Tea တစ်ခွက်သောက်ပါ။

နေ့လည်စာ – ပြုတ်ထားတဲ့ ကြက်ဥ ၂လုံး ၊ အရေခွံဆုတ်ထားတဲ့ ကြက်သား ၁၂၀ ဂရမ်စားပါ ။ Green Tea တစ်ခွက်သောက်ပါ။

ညစာ – မုန့်ကြွပ်ပြား တစ်ချပ် (ခရစ်ကာတစ်ချပ်) ၊ ချိစ်၁၂၀ ဂရမ် (Cottage Cheese) နဲ့ Low Fat နွားနို့တစ်ခွက်သောက်ပါ။

japanese-green-tea

တတိယရက်

မနက်စာ – ပြုတ်ထားတဲ့ ကြက်ဥ ၂လုံး နဲ့ ခရမ်းချဉ်သီးဖျော်ရည်တစ်ခွက်သောက်ပါ။

နေ့လည်စာ – ကြက်ဥပြုတ် ၂လုံး ၊ ဆီနည်းနည်းနဲ့ ချက်ထားတဲ့ အနီရောင်အသား ၁၂၀ ဂရမ် နဲ့ Green Tea တစ်ခွက်သောက်ပါ။

ညစာ – အာလူးကင် ၂လုံး၊ မုန်လာဆလပ်ရွက် အနည်းငယ်နဲ့ Green Tea တစ်ခွက် သောက်ပါ။