အားလုံးပဲမင်္ဂလာပါနော်။ ထမင်းကြော်ကြိုက်တဲ့သူတွေရှိလားရှင့်။ ဟင်းမရှိတဲ့အခါကျရင် ထမင်းကို အလွယ်တကူ ကြော်စားတာမျိုးလုပ်တတ်လား။ ဒါဆိုရင်တော့ အသီးအရွက်အစုံအလင်နဲ့ ကြက်ဥထမင်းကြော်လေး ကြော်စားလို့ရအောင် မျှဝေပေးချင်ပါတယ်။

ပါဝင်ပစ္စည်း

  • ထမင်း ၂၀၀ ဂရမ်
  • ငရုတ်ပွသီး အနီတစ်ခြမ်း
  • ကြက်သွန်နီ တစ်ခြမ်း
  • ပဲ အနည်းငယ်
  • ကြက်ဥ ၂ လုံး

  • ကြက်သွန်မြိတ် အနည်းငယ်
  • ငရုတ်ကောင်းမှုန့်အနည်းငယ်
  • ဆားအနည်းငယ်
  • ဆီ

ပြုလုပ်နည်း

အရင်ဆုံး ပါဝင်တဲ့ အသီးအရွက်တွေကို ခပ်ပါးပါးလှီးလိုက်ပါ။

ကြက်ဥကို ကြက်သွန်မြိတ်၊ ဆား၊ ငရုတ်ကောင်းတို့နဲ့အတူ ခလောက်လိုက်ပါ။

အိုးကိုအပူပေးလိုက်ပြီး ကြက်သွန်မြိတ်၊ ငရုတ်ပွသီးတို့ကို ထည့်ေြက်ာလိုက်ပါ။ မိမိနှစ်သက်ရာပဲကိုထည့်ကြော်လိုက်ပါ။

ပဲကျက်တဲ့အထိကြော်ပါ။ ဆားနည်းနည်းထည့်ပါ။ သေချာလေးမွှေပေးလိုက်ပါ။အဲဒီနောက် ပန်းကန်တစ်ခုထဲ ထည့်လိုက်ပါ။

ဒယ်အိုးထဲကို ဆီနည်းနည်းထည့်လိုက်ပါ။ ကြက်ဥကြော်လိုက်ပါ။

ကြက်ဥကို မကျက်ခင်မှာပဲ မွှေပေးလိုက်ပါ။

အဲဒီနောက် ပန်းကန်တစ်ခုထဲ ဖယ်ထားပါ။

အိုးထဲကို ကြက်သွန်မြိတ်နည်းနည်းထည့်လိုက်ပြီး ထမင်းထည့်ကြော်လိုက်ပါ။

အဲဒီနောက်ဆားထည့်ပြီး အပေါ်ကနေ အသီးအရွက်ကြော်ထားတာကို ထည့်လိုက်ပါ။

သေချာမွှေပေးလိုက်ပြီး ကြက်ဥကြော်ကိုထည့်ပါ။

အဲဒီနောက် ထမင်းနည်းနည်း ခြောက်သွားတဲ့အထိ ကြော်ပေးလိုက်ပါ။

Source: www.yumofchina.com

By: MyFood Myanmar