ကိုလက်စထရောများတဲ့သူတွေက ကြက်ဥမစားသင့်ဘူး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက ကြက်ဥမစားသင့်ဘူးလို့ ပြောကြပါတယ်။ ဒါတွေက တကယ်ပဲ မှန်ကန်ရဲ့လား။ အခုခေတ်က ၂၁ ရာစုရောက်နေပြီဆိုတော့ ကြားဖူးနားဝရှိတဲ့စကားတွေ၊ ယုံတမ်းစကားတွေကို အမှန်ထင်ပြီး ယုံမှတ်နေလို့မရပါဘူး။

ကြက်ဥနဲ့ ပတ်သက်လို့လွဲမှားနေတဲ့အယူအဆအမှားတွေက ဘာတွေဖြစ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ကြရအောင်။

ကိုလက်စထရောမြင့်မားတဲ့သူတွေက ကြက်ဥလုံးဝမစားသင့်ဘူးဆို

ကြက်ဥအနှစ်က အကာထက်စာရင် ကိုလက်ထရောပမာဏပိုများပါတယ်။ ဒါပေမဲ့ ကြက်ဥထဲမှာ ပါဝင်တဲ့ကိုလက်စထရောက ကောင်းမွန်တဲ့အတွက်ကြောင့် သွေးထဲကမကောင်းတဲ့ကိုလက်စထရောဓာတ်ကို မြှင့်မားစေမှာမဟုတ်ပါဘူး။ ဒါပေမဲ့ တစ်နေ့တည်းမှာပဲ ကြက်ဥသုံးလုံးလောက်မစားသင့်ပါဘူး။ ဆီးချိုသမားတွေ၊ သွေးလှည့်ပတ်မှုအဖွဲ့အစည်းမှာ အားနည်းမှုရှိတဲ့သူတွေက တစ်ပတ်ကို ကြက်ဥ ၃ လုံးထက် ပိုမစားသင့်ပါဘူး။

ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် ကြက်ဥအနှစ် မစားရဘူးဆို

ဝိတ်ကျချင်ရင် ကြက်ဥအကာပဲစားရမယ်လို့ သူများတွေပြောတာ ကြားဖူးပါလိမ့်မယ်။ ဒါပေမဲ့ ကြက်ဥမှာ ပရိုတိန်းဓာတ်တွေအပြင် ဗီတာမင်ဒီနဲ့ ကယ်လစီယမ်ဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် အသည်းအတွက်ကောင်းမွန်တဲ့အစားအစာပဲဖြစ်ပါတယ်။ မျက်လုံးအတွက် အားကောင်းစေတဲ့ဓာတ်က ကြက်ဥအကာထဲမှာပဲ ပါဝင်တာပါ။ ကြက်ဥကို တစ်နေ့တစ်လုံး မှန်မှန်စားပေးခြင်းက နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ လေ့လာစမ်းသပ်ချက်အရ ကြက်ဥတစ်လုံးကို မနက်စာစားတဲ့အခါ စားခြင်းက ကိုယ်အလေးချိန်ကျအောင် ကူညီပေးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များက ကြက်ဥမစားသုံးသင့်ဘူးလား။

ကိုယ်ဝန်ဆောင်မိခင်က ကြက်ဥစားတဲ့အခါ ကလေးအတွက် အလက်ဂျစ်ဖြစ်နေတယ်ဆိုပြီး ပြောကြပါတယ်။ တကယ်တော့ ကြက်ဥက ဗီတာမင်ဓာတ်၊ ပရိုတိန်းဓာတ်၊ သတ္တုဓာတ်နဲ့ အမိုင်နိုအက်စစ်တို့စုံလင်စွာ ပါဝင်တဲ့ အာဟာရအရင်းအမြစ်တစ်ခုပါပဲ။ ကိုယ်ဝန်ဆောင်မိခင်များက ဘယ်ရီသီးများ၊ ငါးများ၊ အစေ့အဆံများ စားသုံးသလိုပဲ ကြက်ဥ၊ ဘဲဥတို့ကိုလည်း စားသုံးသင့်ပါတယ်။ ဒါပေမဲ့ ကြက်ဥအစိမ်းစားခြင်း၊ မကျက်တကျက်ချက်ပြုတ်စားသောက်ခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

၁ နှစ်အောက်ကလေးများ ကြက်ဥလုံးဝမစားသင့်ဘူးလား။

၂ ရာခိုင်နှုန်းသော ကလေးတွေကသာ ကြက်ဥနဲ့ဓာတ်မတည့်ကြတာပါ။ ကလေးလေးတွေ အသက် ၇ လ ပြည့်ပြီဆိုတာနဲ့ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့အစားအစာများ ကျွေးလို့ရပါတယ်။ စကျွေးတဲ့အခါ စားပွဲတင်ဇွန်း ၂ ဇွန်း စာလောက်ပဲ အရင်ကျွေးကြည့်ပါ။ ပြီးရင် ကလေးရဲ့အခြေအနေ တုံ့ပြန်မှုကို သေချာအကဲခတ်ပါ။ ၄ ရက်အတွင်း ယားယံမှုမရှိဘူး၊ ပုံမှန်အတိုင်းပဲဆိုရင်တော့ ကလေးကို ကြက်ဥဆက်ကျွေးလို့ရပါတယ်။ တကယ်လို့ အလက်ဂျစ်ထလာတယ်ဆိုရင်တော့ ကလေးအထူးကုထံ အလျင်အမြန်သွားရောက်ပြသရပါမယ်။

ကြက်ဥနဲ့ ဘဲဥမှာ ဘယ်ဥက အာဟာရဓာတ်ပိုပြည့်ဝလဲ။

ယေဘုယျအားဖြင့်တော့ ကြက်ဥနဲ့ ဘဲဥမှာပါဝင်တဲ့အာဟာရဓာတ်က အတူတူပဲဖြစ်ပါတယ်။ ကွာခြားချက်ကတော့ ဥဥတဲ့ ကြက်မပေါ်မှာပဲ မူတည်သွားပါတယ်။ နေပူထဲများများထွက်လို့ ဗီတာမင်ဓာတ်ရရှိတဲ့ ကြက်မက ဥတဲ့ဥက ဗီတာမင်ဒီဓာတ်များများရပါလိမ့်မယ်။ ဒါ့အပြင် ထိုကြက်မစားတဲ့အစာအစားက Omega-3 ဓာတ်ပါဝင်တယ်ဆိုရင် ထိုကြက်ဥမှာလည်း Omega-3 ဓာတ် ပါဝင်နေပါလိမ့်မယ်။

Source: Brightside.me