လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျန်းမာရေးအဖွဲ့အစည်းတစ်ခုကနေ စာတမ်းတစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ ကြက်ဥမှာ ကိုလက်စထရောပါဝင်မှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ စာတမ်းပါ။ အဲ့ဒီနောက်မှာ ကြက်ဥဟာ ကျန်းမာရေးအတွက် မကောင်းတဲ့ အကျိုးသက်ရောက်မှု တစ်ခု ရှိစေတယ်လို့ မှားယွင်းစွာ ယူဆကြပါတယ်။

တကယ်တော့ ကြက်ဥဟာ ကိုယ်ထဲက ကိုလက်စထရောတွေကို မြင့်တက်အောင် ပြုလုပ်ခြင်း မဟုတ်ပါဘူး။ ဒါကြောင့် ကြက်ဥကို ပိုပြီး စားသင့်ပါတယ်။ ဘာကြောင့် စားသင့်သလဲဆိုတဲ့ အကြောင်းပြချက်တွေ ရှိပါတယ်။

၁။ အာဟာရဓာတ်

ကြက်ဥမှာ ဗီတာမင် A, E, B6, B12 တို့အပြင် သံဓာတ်၊ ဖော့ဖရပ်၊ မက်ဂနီဆီယမ်၊ဆယ်လ်နီယမ်၊ သီရာမင်နဲ့ သတ္တုဓာတ်တွေ များစွာ ပါဝင်ပါတယ်။

၂။ ကိုလက်စထရော

ကြက်ဥမှာ ကိုလက်စထရော မြင့်မားစွာ ပါဝင်တယ်လို့ ဆိုကြပါတယ်။ ဒါပေမယ့် HDL လို့ခေါ်တဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာကို ကောင်းမွန်စွာ အလုပ်လုပ်စေဖို့ ထောက်ပံ့ပေးတဲ့ အရာတွေလည်း ပါဝင်ပါတယ်။ HDL ဟာ ကိုယ်ထဲက ဆဲလ်တွေကို တည်ငြိမ်စေဖို့ ပံ့ပိုးပေးပြီး ဗီတာမင်ဒီနဲ့ ဟော်မုန်းတွေကို ကောင်းကောင်းထုတ်ပေးနိုင်ပါတယ်။

သွေးကြော နံရံတွေနဲ့ အတွင်းပိုင်းတွေမှာ တွယ်ဖက်ထားတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချစေဖို့ ကူညီပေးပါတယ်။ ဒါကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ကိုလက်စထရောကို ထိန်းချင်တယ်ဆိုရင်တော့ သကြားစားတဲ့ ပမာဏကို လျှော့စားတာ အကောင်းဆုံးပါပဲ။ ဟင်းသီးဟင်းရွက်စားပေးပြီး ဆေးလိပ်နဲ့ အရက်ကို အတတ်နိုင်ဆုံး ရှောင်တာ အကောင်းဆုံးပါပဲ။

၃။ အမြင်အာရုံကို ကောင်းမွန်စေနိုင်

ကြက်ဥမှာ Cartenoids ပါဝင်ပြီး နေရောင်ခြည်ဖျက်ဆီးမှုကနေ ကာကွယ်နိုင်ပါတယ်။ ညဖက်အမြင်အာရုံကို စူးရှစေပြီး တိမ်ဖြစ်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၄။ ကြွက်သားတွေကိုတောင့်တင်းစေနိုင်

ကြက်ဥ ပိုစားခြင်းဟာ ကိုယ်ခန္ဓာရဲ့ ကြွက်သားတွေကို ကျစ်လစ်ခိုင်မာစေပါတယ်။ ကြက်ဥ၂လုံးမှာ ပါတဲ့ ပရိုတင်းဓာတ်ဟာ အသား ၁ ဂရမ်ထက် များပါတယ်။

၅။ အရိုးတွေကို ကျန်းမာစေနိုင်

ကြက်ဥမှာ ဗီတာမင် ဒီနဲ့ကယ်လ်ဆီယမ် ပါဝင်တဲ့ အတွက် အရိုးကျန်းမာရေးကို ကောင်းမွန်စေနိုင်ပါတယ်။ ဒါကြောင့် အရိုးတွေ သန်စွမ်းစေဖို့နဲ့ အရိုးပွခြင်းကို ကာကွယ်စေဖို့ကြက်ဥစားပေးသင့်ပါတယ်။