ဒီတခါတော့ ၀ိုင်ချစ်သူတွေအကြိုက်တွေ့မယ့် နေရာလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ကျွန်မတို့တွေဟာ နေ့စဉ်နဲ့အမျှ အလုပ်တွေလုပ်ရင်း စိတ်ဖိစီးမှုတွေ ရှိနေကြတာမို့ အချိန်တစ်ခုပေးပြီး သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် မိသားစုဝင်တွေနဲ့ပဲဖြစ်ဖြစ် အေးအေးဆေးဆေး အနားယူပေးဖို့လိုအပ်တယ်လေ။

6

ဝိုင်လည်းသောက်ရင်း၊ အနားလည်းယူရင်းနဲ့ အမှတ်တရ ဓာတ်ပုံကောင်းကောင်း လည်းရိုက်ချင်တယ်ဆိုရင်တော့ Veranda Bar က သင့်တော်တဲ့နေရာလေးတစ်ခုပါပဲ။ ဆိုင်ရဲ့နေရာလေးကိုပြောရမယ်ဆိုရင်တော့ အထက်ပန်းဆိုးတန်းလမ်းက Rose Garden Hotel ဒုတိယထပ်မှာပါ။

9

ကောင်တာတစ်ခုချင်းဆီမှာ ၀ိုင်နဲ့အတူ တွဲဖက်စားသုံးလို့ရတဲ့ ချိစ်တွေ၊ပေါင်မုန့်တွေ၊ အသားတွေ၊ အခွံမာသီးတွေ၊အသီးတွေ စသဖြင့် ထားရှိပြီး မိမိကြိုက်နှစ်သက်တာကို ဘူဖေးစနစ်နဲ့ သုံးဆောင်လို့ရပါတယ်။

4

မသိတာရှိရင်လည်း ဆိုင်က၀န်ထမ်းတွေကို မေးလို့ရတယ်။ သူတို့လေးတွေကလည်း စိတ်ရှည်လက်ရှည်လည်းရှင်းပြကြပါတယ်။

2

ချိစ်အမျိုးအစားက ၃၀ ကျော်လောက်ပါပြီး ၀ိုင်အမျိုးအစားကတော့ ၅ မျိုးပါဝင်ပါတယ်။ ၀ိုင်ဖြူ (၂) မျိုး၊ ၀ိုင်နီ (၂) မျိုးနဲ့ စပါကလင်ဝိုင် (၁) မျိုးပါ။

8

စာရေးသူကတော့ ၀ိုင်ဖြူတစ်မျိုး၊၀ိုင်နီတစ်မျိုးနဲ့၊စပါကလင်ဝိုင်ကို မြည်းစမ်းကြည့်ခဲ့ပါတယ်။ အရသာ သိပ်မပြင်းတာကြိုက်တယ်ဆိုရင် ၀ိုင်ဖြူနဲ့ စပါကလင်ဝိုင်က သင့်တော်ပါတယ်။

10

7

သဘောကျတာတစ်ခုက ၀ိုင်နီဆို ၀ိုင်နီနဲ့တွဲစားလို့ရတဲ့အစားအစာတွေကို တကူးတက စဉ်းစားစရာမလိုဘဲ ဒီကောင်တာတစ်ခုမှာပဲ ကြိုက်တာရွေးစားလို့ရတာကိုပါ။ ပေါင်မုန့်ကလည်း ကြွပ်ကြွပ်လေးနဲ့ အရသာရှိပါတယ်။ အဲဒီပေါင်မုန့်တွေနဲ့ တွဲပြီးစားလို့ရတဲ့ ချိစ်တွေကလည်း အရသာမတူပါဘူး။ နိုင်ငံခြားဆန်ဆန် အစားအစာဆိုပေမယ့်လည်း မြန်မာတို့ရဲ့ လျှာနဲ့လည်း အဆင်ပြေတဲ့ အရာသာရှိလို့ စားရတာလည်း အဆင်ပြေပါတယ်။

5

ဒါတင်မကသေးဘူးနော် စန္ဒယားနဲ့ Saxophone တူရိယာနှစ်မျိုးတီးခတ်ဖျော်ဖြေမှုကိုလည်း ညိမ့်ညိမ့်လေး ခံစားလို့ရပါသေးတယ်။ ၀ိုင်လေးတမြမြ၊တူရိယာသံလေးတညိမ့်ညိမ့်နဲ့ တကယ်ကို Relax ဖြစ်စေပါတယ်။

7

ကြိုတင်ဘွတ်ကင်လုပ်ရင်တော့ တစ်ယောက်ကို 19$ မြန်မာငွေနဲ့ဆို ၂၅၀၀၀နဲ့၃၀၀၀၀ ကြားကျသင့်မှာဖြစ်ပြီး ဘွတ်ကင်မလုပ်ထားရင်တော့ တစ်ယောက်ကို 24$ ကျသင့်မှာဖြစ်ပါတယ်။ ဘွတ်ကင်လုပ်ရင် ဈေးနှုန်းကပိုပြီးတန်တာမို့ ဘွတ်ကင်လုပ်ပြီးသွားဖို့ အကြံပြုလိုက်ပါတယ်နော်။ ပေးရတဲ့ ဈေးနဲ့ သူတို့ဖက်က ပြန်ပြီးပေးလာတဲ့ ၀န်ဆောင်မှု တကယ်တန်တယ်လို့ ဆိုရမှာပါပဲ။

IMG_0669

ဒီလို ၀ိုင်အရသာ စုံစုံလင်လင်နဲ့ သုံးဆောင်နိုင်မယ့် ပွဲလေးကိုတော့ လတစ်လရဲ့ တတိယပတ် ကြာသာပတေးနေ့တိုင်း ည ၆း၀၀ နာရီကနေ ၉း၀၀ ထိ ပြုလုပ်လေ့ရှိပါတယ်။ လာရောက်သုံးဆောင်တဲ့ ဧည့်သည်တွေကို ၀ိုင်အရသာနဲ့ အရသာကို အပြည့်အ၀ ခံစားစေချင်တာကြောင့် လူဦးရေကို ကန့်သတ်ပြီး လက်ခံတာကြောင့် အမြန်ဆုံး ဘွတ်ကင်လုပ်လိုက်တော့နော်။

11

ကြိုတင်ဘွတ်ကင်လုပ်မယ်ဆိုရင်တော့ Rose Garden Hotels မှာ သွားရောက်လုပ်နိုင်ပါတယ်။