ခေတ်ရေစီးကြောင်းနဲ့အညီ လိုက်လျောညီထွေနေတတ်ပြီး တမူထူးခြားတဲ့ ဆန်းသစ်မှုတွေကို ကြိုက်နှစ်သက်ကြတဲ့ ရန်ကုန်မြို့နေ လူငယ်တွေအတွက် အမိုက်စား စားသောက်ဆိုင်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆိုင်တည်နေရာ

Babett-Restaurant

ဆိုင်ရဲ့ နာမည်ကတော့ Babett Eatery & Bar ဖြစ်ပြီး ဆိုင်ရဲ့ တည်နေရာကတော့ ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း နဲ့ ယောမင်းကြီးလမ်းထောင့်မှာ တည်ရှိပါတယ်။

ဆိုင်ရဲ့ အပြင်အဆင်

Babett-Bar

ခေတ်ဟောင်းနဲ့ ခေတ်မီတဲ့ အသွင်အပြင်တွေရဲ့ ရောယှက်နေတဲ့ ဆိုင်ရဲ့ အတွင်းပိုင်း အပြင်အဆင်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ထိုင်ခုံပုံစံကိုလည်း အမျိုးမျိုးပြင်ဆင်ထားပြီး မိတ်ဆွေ သူငယ်ချင်းတွေနဲ့သာမက မိသားစုတွေနဲ့ပါ အေးအေးဆေးဆေး လာပြီး ဒိတ်နိုင်တဲ့ နေရာလေးတစ်ခုဖြစ်ပါတယ်။

အစားအစာများ

Babett-Red-Snapper

မနက်စာအဖြစ်ဆိုရင်တော့ ဘူဖေးအပြင် ကော်ဖီ၊ လက်ဖက်ရည် စသဖြင် အမျိုးအစား စုံလင်စွာ သုံးဆောင်နိုင်မှာဖြစ်ပြီး ငါး၊ အသား (သို့) ပါစတာ စတာတွေသာမက အချိုပွဲလည်း ပါဝင်တဲ့ set menu ကိုလည်း မြန်မာငွေကျပ် ၁၀၀၀၀ ပဲကျသင့်ပါတယ်။

1-metre-board-Pizzas

ညနေပိုင်းမှာဆိုရင်တော့ Babett ရဲ့ နာမည်ကျော် Dry Aged အမဲသား၊ ပီဇာအမျိုးမျိုး၊ Tapas အမြည်းအမျိုးမျိုးနဲ့ ပါစတာအစုံအလင်ရရှိနိုင်တဲ့အပြင် နိုင်ငံခြားကနေ တင်သွင်းထားတဲ့ အသားအေးနဲ့ ချိစ်အမျိုးမျိုး စသဖြင့် အနောက်တိုင်း အစားအစာတွေကိုလည်း စုံစုံလင်လင် ရရှိနိုင်တာဖြစ်ပါတယ်။

ဝိုင် နဲ့ ကော့တေးလ်စုံစုံလင်လင်

HG-YG-BABETT-283-copy

Babett မှာ ဝိုင်အမျိုးအစားပေါင်း (၃၀) ခန့်ရှိပြီး ဝိုင်တစ်ခွက်ကို မြန်မာငွေ ၄၅၀၀ ရှိပါတယ်။ တစ်ပုလင်းဆိုရင်တော့ မြန်မာငွေ ၂၅၀၀၀ မှ စတင်ဝယ်ယူသောက်သုံးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အရောင်အသွးစုံလင်ပြီး သောက်ချင်စဖွယ် ကော့တေးလ်တွေနဲ့ တခြားအဖျော်ယမကာတွေကိုလည်း ဈေးနှုန်းသက်သက်သာသာနဲ့ မှာယူသောက်သုံးနိုင်ပါတယ်။

တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်မှုတွေကို မိတ်ဆွေသူငယ်ချင်းတွေနဲ့အတူ စကားပြောရင်း အပန်းဖြေလို့ အရမ်းဆင်ပြေတဲ့ နေရာလေးတစ်ခုပါပဲ။

စိတ်ဝင်စားစရာ အထူးအစီအစဉ်တွေ

အကောင်းစား ဝိုင်၊ ကော့တေးလ်တွေကို ဈေးနှုန်းသက်သက်သာသာနဲ့ ရနိုင်မယ့် BABETT Eatery & Bar

နေ့စဉ် – ဘီယာတစ်ခွက်ကို မြန်မာငွေကျပ် ၃၀၀၀ သာ ကျသင့်မယ့် Babett’s Happy Hour

အင်္ဂါနေ့တိုင်း – မြန်မာကျပ် ၂၇၀၀၀ ကျပ်နဲ့ မိမိနှစ်သက်တဲ့ (၁) မီတာခန့်ရှိတဲ့ ပီဇာကို စိတ်ကြိုက်ရွေးချယ်နိုင်မယ့် အစီအစဉ်။

ဗုဒ္ဓဟူးနေ့တိုင်း – ကော့တေးလ် Free Flow ရရှိနိုင်မယ့် Ladies’ Night အစီအစဉ်။

ကြာသပတေးနေ့တိုင်း – Tapas နဲ့ ဝိုင်ကို မြန်မာငွေ ၆၀၀၀ ကျပ်နဲ့ ရရှိနိုင်မယ့် အစီအစဉ်။

စနေနေ့တိုင်း – Regular Live Music အစီအစဉ်။ စသဖြင့် စိတ်လှုပ်ရှားဖွယ်အစီအစဉ်တွေ များစွာရှိနေပါတယ်။

သွားမယ်ဆိုရင်တော့

Babett-Terrace-

ဒဂုံမြို့နယ်၊ အလံပြဘုရားလမ်း နဲ့ ယောမင်းကြီးလမ်းထောင့်မှာ တည်ရှိပြီး ဆိုင်ဖွင့်ချိန်က နေ့စဉ် မနက် ၇း၀၀ နာရီကနေ ညမိုးချုပ်တဲ့ထိ ဖွင့်လှစ်ပြီးပါတယ်။ ကြိုတင် မှာယူချင်တယ်ဆိုရင်တော့ 01-243639 (သို့) [email protected] တို့ကနေတဆင့် မှာယူလို့ရပါတယ်။ အသေးစိတ်ကို ပိုပြီးသိချင်ရင်တော့