အရပ်ပုနေလို့ သင့်မျိုးရိုးကို အပြစ်မတင်ပါနဲ့တော့။ သင့်ရဲ့ စားသောက်နေထိုင်မှု၊ သင့်ကလေးရဲ့ စားသောက်နေထိုင်မှုကို ဂရုစိုက်ပြီး အရပ်မြင့်အောင် လုပ်ဆောင်လို့ရပါတယ်။

အရပ်ရှည်စေမယ့် အဓိက လိုအပ်တဲ့ ဗီတာမင်ဓာတ်များ

ဗီတာမင် D

အရိုးတွေကို မာပြီး ရှည်စေတဲ့ အဓိက အရေးကြီးတဲ့ ဗီတာမင် ဖြစ်ပါတယ်။ ဗီတာမင် D လုံလောက်စွာမရရင် အရိုးနဲ့ အသွားတွေက အားနည်းလာပါလိမ့်မယ်။ ဗီတာမင် D ကို နေရောင်ကနေလည်း ရနိုင်သလို နွားနို့၊ ခရမ်းချဉ်သီး၊ Citrus အသီးအနှံတွေ၊ အာလူးနှင့် ပန်းဂေါ်ဖီတို့ကလည်း ရနိုင်ပါတယ်။

ဗီတာမင် B1

အရပ်ရှည်ပြီး ခန္ဓာကိုယ်ကြီးထွားဖို့ဆိုရင် ဗီတာမင် B1 ကလည်း အရေးကြီးပါတယ်။ B1 က နှလုံး ကျန်းမာရေးနှင့် အာရုံကြောစနစ်ကို ကေင်းစေပါတယ်။ ဗီတာမင် B1 ကို ထမင်း၊ မြေပဲ နှင့် ပဲပိစပ်တို့ကနေ ရနိုင်ပါတယ်။

ဗီတာမင် B2 (Ribflavin)

အရပ်မြင့်ဖို့အတွက် အရေးတဲ့ ဗီတာမင်ဓာတ်တွေထဲမှာပါဝင်နေပါတယ်။ အရိုး၊ အရေပြား၊ ဆံပင်နဲ့ လက်သည်းတွေ ရှည်ဖို့ အဓိက အရေးပါပါတယ်။ ဗီတာမင် B2 ကို ကြက်ဥ၊ နွားနို့၊ ငါးနဲ့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ အများဆုံးပါဝင်နေပါတယ်။

ဗီတာမင် C

ဗီတာမင် C ဓာတ်ကို Ascorbic အက်ဆစ် လို့ လူသိများကြပြီး အရိုးနဲ့ သွားတွေ ခိုင်မာဖို့ ကြီးထွားဖို့ အရေးကြီးပါတယ်။ Antioxidant ဓာတ်လည်း ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။

ဗီတာမင် စီပါဝင်မှုများတဲ့ အစားအစာများမှာ ခရမ်းချဉ်သီး၊ အာလူး၊ Citrus အသီးအနှံ နဲ့ ဘယ်ရီသီးတို့ဖြစ်ပါတယ်။

ကယ်ဆီယမ်ဓာတ်

ကယ်ဆီယမ်ဓာတ်ကလည်း အရိုးတွေ ကြီးထွားသန်မာဖို့ အရေးကြီးပါတယ်။ ကယ်ဆီယမ်ဓာတ်ရရှိဖို့ အဓိက အရေးတဲ့ အစားအစာများကတော့ နွားနို့ နဲ့နို့ထွက်ပစ္စည်းတွေဖြစ်ပါတယ်။