ပျားတွေက ပန်းဝတ်မှုန်လေးတွေကို စုပ်ယူ၊ အစာခြေပြီးမှ ပျားရည်ဖြစ်လာတာပါ။ ဝတ်မှုန်လေးတွေမှာ ကွန်ပေါင်းပေါင်း ၆၀၀ ကျော်ရှိပါတယ်။

ပျားရည်ကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာ ရောမ၊ ဂရိ၊ အီဂျစ်ခေတ်ကတည်းက ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အစားအစာအဖြစ် အသုံးပြုခဲ့ကြတာပါ။

ကိုယ်အလေးချိန်ကို လျှော့ချပေး

ပျားရည်က သကြားထက် ကယ်လိုရီပိုများပေမယ့်လည်း ရေနွေးပူပူနဲ့ ပျားရည်ကိုသောက်လိုက်ရင် ခန္ဓာကိုယ်အတွင်းက အဆီတွေကို လောင်ကျွမ်းစေပါတယ်။ ဒါကြောင့် သံပုရာရည်ပူပူလေးကို ပျားရည်နဲ့ ရောသောက်ပြီး ကိုယ်အလေးချိန်ကျအောင်လုပ်ဆောင်နိုင်ပါတယ်။

Honey-to-Fade-Stubborn-Scars

အရေပြားနဲ့ ဆံပင်ကျန်းမာရေး

ပျားရည်က မျက်နှာပေါ်က ဝက်ခြံ အမာရွတ်တွေကို ဖယ်ရှားရာမှာလည်း အစွမ်းထက်လှပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းကို သံလွင်ဆီနဲ့ရောပြီး မျက်နှာပေါ်မှာ လူးကာ နှိပ်နယ်ပေးပါ။ သဘက်သန့်သန့်တစ်ခုကို ရေနွေးငွေ့ပေးပြီးအဲ့ဒီ သဘက်ကို မျက်နှာပေါ်မှာ ခဏလောက်အုပ်ပေးထားပါ။ မျက်နှာသစ်လိုက်ပါ။

Honey-to-Restore-Vitality-of-Hair

ပျားရည်လက်ဖက်ရည်ဇွန်း ၁ဇွန်းကို အုန်းနို့ လက်ဖက်ရည်ဇွန်း ၂ဇွန်းနဲ့ ရောပြီး ဆံပင်မှာ သုတ်လိမ်းကာ မိနစ်၂၀ခန့်ထားပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ နက်မှောင်သန်စွမ်းတဲ့ဆံသားကို ရရှိမှာဖြစ်ပါတယ်။

main-qimg-7ebe6bdae14b25a20b3585c98077e230-c

ခွန်အားပေး

သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းမှာ ကယ်လိုရီ ၁၅ ဘဲပါဝင်ပေမယ့် ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းမှာ ကယ်လိုရီ ၆၄ ပါဝင်ပါတယ်။ ဒါပေမယ့် ပျားရည်မှာ ပါဝင်တဲ့ ကယ်လိုရီတွေက အဆီအဖြစ်မကျန်ရှိခဲ့ဘဲ ကလူးကို့စ်အဖြစ်ပြောင်းကာ အလွယ်တကူ အစာခြေနိုင်ပါတယ်။

supplements-and-vitamins

ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အများကြီးပါဝင်

ချိုတာခြင်းတူပေမယ့် သကြားနဲ့ မတူညီတာက ပျားရည်မှာ ဗီတာမင်စီ၊ သံဓာတ်နဲ့ကယ်ဆီယမ်ဓာတ်တွေ အများကြီးပါဝင်ပါတယ်။

3-tired

အားကစားသမားတွေအတွက် သင့်တော်

ပျားရည်က အားကစားသမားတွေရဲ့ စွမ်းရည်ကို တိုးမြှင့်ပေးပါတယ်။ ပျားရည်မှာ ergogenic ဓာတ်တွေပါဝင်တာကြောင့် ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်ဆောင်ပြီးရင် ကြွက်သားတွေအားပြန်ပြည့်စေဖို့ ကူညီပေးပါတယ်။

It-is-full-of-antioxidants

Antioxidants

Antioxidants ဓာတ်တွေအများကြီးပါဝင်ပါတယ်။ Antioxidants ဓာတ်တွေက ဆဲလ်တွေကို ပျက်စီးမှုကနေ ကာကွယ်ပေးပြီး ပျက်စီးနေတဲ့ ဆဲလ်တွေကိုလည်း ပြန်လည်ပြုပြင်ပေးပါတယ်။ ခန္ဓာကိုယ်ကို ရောင်ရမ်းစေတဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ကင်ဆာတို့ နှလုံးရောဂါတို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။