ကိုယ်အလေးချိန် လျှော့ကျလိုသူတွေအတွက် အစားအစာတွေဟာလည်း အကူအညီပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ပြီး ကိုယ်အလေးချိန် ထိန်းသူတွေ အတွက်ဆိုရင်တော့ လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လေ့ကျင့်ခန်းလုပ်ပြီး စားရမယ့် အစားအစာတွေရှိပါတယ်။ သူတို့ကို ဂရုစိုက်ပြီး စားပေးမယ်ဆိုရင်တော့ လေ့ကျင့်ခန်းလုပ်ခြင်းကို အထောက်အကူဖြစ်စေမှာပါ။

လေ့ကျင့်ခန်းမလုပ်ခင် – အစေ့အဆန်

nuts

အစေ့အဆန်တွေဟာ ပရိုတင်းဓာတ်မျိုးစုံ ပါဝင်ပါတယ်။ အထူးသဖြင့် မြန်မာပြည်မှာတော့ ဖရုံစေ့နဲ့ ကွာစေ့ကို လွယ်လွယ်ကူကူ ဝယ်လိုပ ရနိုင်တဲ့ အတွက် ဒီနှစ်မျိုးကို စားဖို့ အဆင်ပြေပါတယ်။ အစေ့အဆန်တွေဟာ အဆီဓာတ် ပါဝင်မှု နည်းပါးပြီး ခနာကိုယ်အတွက် အကျိုးရှိတဲ့ဓာတ်တွေ ပါဝင်ပါတယ်။ အစေ့အဆန်တွေကို စားပြီး ရေသောက်ပြီး ခဏနေမှ လေ့ကျင့်ခန်း စလုပ်ပါ။

လေ့ကျင့်ခန်းမလုပ်ခင် – အုတ်ဂျုံနဲ့ ဘယ်ရီသီး

Oatmeal_blueberries

အုတ်ဂျုံဟာ ကျန်းမာရေးအတွက် ကောင်းမွန်စေတဲ့ ရွေးချယ်မှု တစ်ခုပါ။ ပရိုတင်းဓာတ်တွေ အများအပြား ပါဝင်တဲ့ အတွက် လေ့ကျင့်  ခန်းမလုပ်ခင် စားသင့်တဲ့ အစားအစာပါ။ ဘယ်ရီသီးမှာ ဗီတာမင်စီ၊ ပိုတက်စီယမ်နဲ့ အမျှင်ဓာတ်တွေ ပါဝင်ပါတယ်။ သူတို့နှစ်ခုကို ပေါင်းစားပေးမယ်ဆိုရင်တော့ လေ့ကျင့်ခန်းမလုပ်ခင် လိုအပ်တဲ့ အာဟာရဓာတ်ကို ပေးစွမ်းနိုင်ပါလိမ့်မယ်။

လေ့ကျင့်ခန်းမလုပ်ခင် – ပေါင်မုန့်အလွတ်

Bread

ပေါင်မုန့်အလွတ်လို့ ပြောခြင်းဟာ ပေါင်မုန့်အထဲမှာ အစာတွေ မပါတဲ့ ပေါင်မုန့်ကို ပြောတာပါ။ ပေါင်မုန့်မှာ မထင်မှတ်တဲ့ အကျိုးတွေ  ကို ဝိတ်ထိန်းနေသူတွေ အတွက် ပေးနိုင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပြီး – ကြက်ဥ

eggs

ကြက်ဥဟာ ပရိုတင်းဓာတ် ရနိုင်တဲ့ အလွယ်ဆုံး အစားအစာ တစ်ခုပါ။ အဆီပါဝင်မှု မရှိသလောက် နည်းပြီး အမျှင်ဓာတ်၊ ဗီတာမင်စီ၊ အေနဲ့ ဒီတို့ ပါဝင်ပါတယ်။ ကယ်လ်ဆီယမ်လည်းပါဝင်တဲ့အတွက် လေ့ကျင့်ခန်းပြုလုပ်ပြီး စားသင့်တဲ့ အစားအစာပါ။

Ref: lifehack