[Unicode]

ဂျင်းဆိုတာကတော့ မြန်မာတို့ရဲ့ အိမ်တိုင်းမှာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်တမျိုးပါပဲ။ ဂျင်းမှာ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အကျိုးကျေးဇူးတွေအများကြီးပါဝင်ပါတယ်။

Cellulite ကိုသက်သာစေတယ်

Cellulite ဆိုတာကတော့ ဝတဲ့သူတွေမှာသာမက ပိန်တဲ့သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ အသားအရေမှာ အဖုအထစ်တွေ၊ အရည်ပြားတွဲတာမျိုးဖြစ်တာပါ။ အဲဒီလို Cellulite တွေကို သက်သာချင်ရင်တော့ ဂျင်း တောက်တောက်စဉ်း စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရေ ၁ ခွက် (သို့) ၁ ခွက်ခွဲထည့်လိုက်ပြီး ဆားနည်းနည်းထည့်ပါ။ ပြီးရင် ရောလိုက်ပြီး Cellulite ဖြစ်တဲ့နေရာမှာ လိမ်းပေးလိုက်ပါ။

ဇီဝဖြစ်စဉ်ကို မြင့်တင်ပေးပြီး အနံ့အသက်ဆိုးတွေကို သက်သာစေပါတယ်

အစာမကြေတာတို့၊ ရာသီစက်ဝန်းမှာ ခန္ဓာကိုယ်က အနံ့အသက်ဆိုးတွေထွက်တာတို့ဆိုရင် ဂျင်းကို ဝါးစားနိုင်သလို ဂျင်းနဲ့ ရေနွေးနဲ့ ဖျော်ပြီး သောက်နိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်

ဂျင်းကို ပုံမှန်စားပေးတာဟာ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါယ်။ ရေခွက်တစ်ဝက်ကို ပွက်ပွက်စူအောင်သည်ပြီး ဂျင်း တောက်တောက်စဉ်း လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကိုထည့်လိုက်ပါ။ ပြီးရင် မီးဖိုပေါ်ကချပြီးခွက်တစ်လုံးထဲထည့်ထားပါ။ အဲဒီနောက်သံပုရာသီးပါးပါးလှီးပြီး နည်းနည်းထည့်ကာ သောက်ပေးပါ။

ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်

ဂျင်းရေနွေးကြမ်းကို အစာမစားခင် မိနစ် ၃၀ အလိုမှာသောက်ပေးမယ်ဆိုရင် ကိုယ်အလေးချိန်ကျစေမှာဖြစ်ပါတယ်။

အသားအရေကို စိုပြေလာစေပါတယ်

ဂျင်း၊ ပြားရည်နဲ့ သံပုယိုရည်ကို စတူရောပြီး ဖျော်စက်ထဲထည့်ကာ ကျိတ်လိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး မိနစ် ၃၀ လောက်ထားကာ ရေဆေးချလိုက်ပါ။

ဝက်ခြံသက်သာစေပါတယ်

ဂျင်းစားသုံးပေးရင် ခန္ဓာကိုယ်အတွင်း ဘယ်လိုပြောင်းလဲမှုတွေရှိလာမလဲ

ဂျင်း မှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ နို့အနည်းငယ်ရောလိုက်ပါ။ ပြီးရင် မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထိထားပါ။ ပြီးရင် ရေဆေးချလိုက်ပါ။

ဆံပင်ကျွတ်တာကိုသက်သာစေပြီး ဗောက်ကိုလည်း သက်သာစေပါတယ်

ဂျင်းကိုအမှုန့်ကြိတ်လိုက်ပါ။ စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ပြီးရင် သံလွင်ဆီစားပွဲတင်ဇွန်း ၂ ဇွန်းထည့်ပါ။ အဲဒီနောက်သေချာရောလိုက်ပြီး ဦးရေပြားနဲ့ ဆံပင်အနံ့ကိုလိမ်းပေးပါ။ ၁၅ မိနစ်ကနေ ၂၅ မိနစ်ထိထားပြီး ခေါင်းလျှော်ချပါ။

သတိထားရန်

ဂျင်းဟာ နှလုံးနဲ့ အသည်းအတွက်ကောင်းမွန်ပေမယ့် အသည်းရောဂါရှိတဲ့သူတွေ၊ နှလုံးသွေးကြောဆိုင်ရာ ရောဂါရှိသူတွေအတွက်မတော့မကောင်းပါဘူး။ တချို့သူတွေ ရင်ပူတာ၊ ဝမ်းလျှောတာနဲ့ အစာအိမ်မသက်မသာဖြစ်တာမျိုးကို ဖြစ်စေတတ်ပါတယ်။ ထိခိုက်ရှနာဖြစ်ထားတဲ့နေရာမှာလည်း ဂျင်းကို မလိမ်းသင့်ပါဘူး။ ကိုယ်ဝန် ၂ လပတ်၊ (သို့) ၃ လပတ်ရှိတဲ့အချိန်မှာလည်း ဂျင်းကို များများမသုံးသင့်ပါဘူး။ ဂျင်းကို မသုံးခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်။

[Zawgyi]

ဂ်င္းဆိုတာကေတာ့ ျမန္မာတို႔ရဲ႕ အိမ္တိုင္းမွာရွိတဲ့ ဟင္းခတ္အေမႊးအႀကိဳင္တမ်ိဳးပါပဲ။ ဂ်င္းမွာ က်န္းမာေရးအတြက္ အေထာက္အကူျပဳတဲ့ အက်ိဳးေက်းဇဴးေတြအမ်ားႀကီးပါဝင္ပါတယ္။

Cellulite ကိုသက္သာေစတယ္

Cellulite ဆိုတာကေတာ့ ဝတဲ့သူေတြမွာသာမက ပိန္တဲ့သူေတြမွာလည္း ျဖစ္တတ္ပါတယ္။ အသားအေရမွာ အဖုအထစ္ေတြ၊ အရည္ျပားတြဲတာမ်ိဳးျဖစ္တာပါ။ အဲဒီလို Cellulite ေတြကို သက္သာခ်င္ရင္ေတာ့ ဂ်င္း ေတာက္ေတာက္စဥ္း စားပြဲတင္ဇြန္း ၁ ဇြန္းနဲ႔ ေရ ၁ ခြက္ (သို႔) ၁ ခြက္ခဲြထည့္လိုက္ၿပီး ဆားနည္းနည္းထည့္ပါ။ ၿပီးရင္ ေရာလိုက္ၿပီး Cellulite ျဖစ္တဲ့ေနရာမွာ လိမ္းေပးလိုက္ပါ။

ဇီဝျဖစ္စဥ္ကို ျမင့္တင္ေပးၿပီး အနံ႕အသက္ဆိုးေတြကို သက္သာေစပါတယ္

အစာမေၾကတာတို႔၊ ရာသီစက္ဝန္းမွာ ခႏၶာကိုယ္က အန႔ံအသက္ဆိုးေတြထြက္တာတို႔ဆိုရင္ ဂ်င္းကို ဝါးစားႏိုင္သလို ဂ်င္းနဲ႔ ေရေႏြးနဲ႔ ေဖ်ာ္ၿပီး ေသာက္ႏိုင္ပါတယ္။

ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါတယ္

ဂ်င္းကို ပံုမွန္စားေပးတာဟာ ကိုယ္ခံအားစနစ္ကို ေကာင္းမြန္ေစပါယ္။ ေရခြက္တစ္ဝက္ကို ပြက္ပြက္စူေအာင္သည္ၿပီး ဂ်င္း ေတာက္ေတာက္စဥ္း လက္ဖက္ရည္ဇြန္း တစ္ဇြန္းစာကိုထည့္လိုက္ပါ။ ၿပီးရင္ မီးဖိုေပၚကခ်ၿပီးခြက္တစ္လံုးထဲထည့္ထားပါ။ အဲဒီေနာက္သံပုရာသီးပါးပါးလွီးၿပီး နည္းနည္းထည့္ကာ ေသာက္ေပးပါ။

ကိုယ္အေလးခ်ိန္က်ဖို႔ ကူညီေပးပါတယ္

ဂ်င္းေရေႏြးၾကမ္းကို အစာမစားခင္ မိနစ္ ၃၀ အလိုမွာေသာက္ေပးမယ္ဆိုရင္ ကိုယ္အေလးခ်ိန္က်ေစမွာျဖစ္ပါတယ္။

အသားအေရကို စုိေျပလာေစပါတယ္

ဂ်င္း၊ ျပားရည္နဲ႔ သံပုယိုရည္ကို စတူေရာၿပီး ေဖ်ာ္စက္ထဲထည့္ကာ က်ိတ္လိုက္ပါ။ ၿပီး၇င္ မ်က္ႏွာေပၚမွာလိမ္းေပးၿပီး မိနစ္ ၃၀ ေလာက္ထားကာ ေရေဆးခ်လိုက္ပါ။

ဝက္ၿခံသက္သာေစပါတယ္

ဂ်င္းစားသံုးေပးရင္ ခႏၶာကိုယ္အတြင္း ဘယ္လိုေျပာင္းလဲမႈေတြရွိလာမလဲ

ဂ်င္း မႈန္႔ လက္ဖက္ရည္ဇြန္း ၁ ဇြန္း၊ ပ်ားရည္ လက္ဖက္ရည္ဇြန္း ၁ ဇြန္းနဲ႔ ႏို႕အနည္းငယ္ေရာလိုက္ပါ။ ၿပီးရင္ မ်က္ႏွာေပၚမွာလိမ္းေပးၿပီး ၁၀ မိနစ္ကေန ၁၅ မိနစ္ထိထားပါ။ ၿပီးရင္ ေရေဆးခ်လိုက္ပါ။

ဆံပင္ကၽြတ္တာကိုသက္သာေစၿပီး ေဗာက္ကိုလည္း သက္သာေစပါတယ္

ဂ်င္းကိုအမႈန္႕ႀကိတ္လိုက္ပါ။ စားပြဲတင္ဇြန္း ၁ ဇြန္းထည့္ပါ။ ၿပီးရင္ သံလြင္ဆီစားပြဲတင္ဇြန္း ၂ ဇြန္းထည့္ပါ။ အဲဒီေနာက္ေသခ်ာေရာလိုက္ၿပီး ဦးေရျပားနဲ႔ ဆံပင္အနံ႔ကိုလိမ္းေပးပါ။ ၁၅ မိနစ္ကေန ၂၅ မိနစ္ထိထားၿပီး ေခါင္းေလွ်ာ္ခ်ပါ။

သတိထားရန္

ဂ်င္းဟာ ႏွလံုးနဲ႔ အသည္းအတြက္ေကာင္းမြန္ေပမယ့္ အသည္းေရာဂါရွိတဲ့သူေတြ၊ ႏွလံုးေသြးေၾကာဆိုင္ရာ ေရာဂါရွိသူေတြအတြက္မေတာ့မေကာင္းပါဘူး။ တခ်ိဳ႕သူေတြ ရင္ပူတာ၊ ဝမ္းေလွ်ာတာနဲ႔ အစာအိမ္မသက္မသာျဖစ္တာမ်ိဳးကို ျဖစ္ေစတတ္ပါတယ္။ ထိခိုက္ရွနာျဖစ္ထားတဲ့ေနရာမွာလည္း ဂ်င္းကို မလိမ္းသင့္ပါဘူး။ ကိုယ္ဝန္ ၂ လပတ္၊ (သို႔) ၃ လပတ္ရွိတဲ့အခ်ိန္မွာလည္း ဂ်င္းကို မ်ားမ်ားမသံုးသင့္ပါဘူး။ ဂ်င္းကို မသံုးခင္ ဆရာဝန္နဲ႔ အရင္တိုင္ပင္သင့္ပါတယ္။