ကြက်ကို ကြက်သားကနေ ထုတ်လုပ်ထားတာဖြစ်တာကြောင့် စားနေချိန်မှာ ကိုယ်စားတဲ့ အစားအစာက ဘယ်လို မွေးမြူ ထုတ်လုပ်ထားလဲဆိုတာ သိဖို့လိုအပ်ပါတယ်။

ကိုယ်ပိုက်ဆံနဲ့ ဝယ်ယူစားသောက်တာတွေက ကိုယ့်ခန္ဓာကိုယ်အတွက် အဆိပ်အတောက်တွေ မဖြစ်စေဖို့ပါ။ဖြစ်နိုင်ရင်တော့ ကိုယ်ဝယ်ယူစားသောက်တဲ့ ကြက်သားက ဘယ်လို မွေးမြူထားတဲ့ ကြက်ဖြစ်လဲဆိုတာ လေ့လာထားသင့်ပါတယ်။

ကြက်ကို ဘယ်လို မွေးမြူထားသလဲ

chicken-2451482_1280

တချို့ မွေးမြူရေးခြံတွေက ကြက်တွေကို နေရာကျဉ်းကျဉ်းထဲမှာ၊ လှောင်ချိုင့် ညစ်ညစ်ပတ်ပတ်တွေနဲ့ ကြက်ကောင်ရေ များများနဲ့ တွက်ခြေကိုက်အောင် မွေးမြူကြပါတယ်။

ကြက်ကောင်ရေ နဲ့ အလုပ်သမားမနိုင်တဲ့အခါမှာ သန့်ရှင်းမှုမရှိတဲ့ ကြက်တွေ၊ ကြက်လှောင်အိမ်တွေကနေ ရောဂါတွေဖြစ်ပါတယ်။ ဒါကြောင့် ရောဂါကာကွယ်တဲ့ ဆေးဝါးတွေသုံး (antibiotics) ကြပါတယ်။

အဲ့ဒီဆေးဝါးတွေသုံးထားတဲ့ ကြက်တွေကို စားမိရင် ကျန်းမာရေး ပြဿနာတွေ အများကြီးရှိပါတယ်။

သေချာစနစ်တကျ မမွေးမြူထားရင် ကြက်တွေမှာ ဘက်တီးရီးယားတွေနဲ့ အမိုးနီးယားတွေပါလာနိုင်ပြီး ကြက်ငှက်တုပ်ကွေးလို တခြား ရောဂါတွေလည်း ဖြစ်တတ်ပါတယ်။

စတီးရွိုက် (Steronids)

pexels-photo-265393

တချို့ မွေးမြူရေး ကြက်ခြံတွေလည်းကလည်း ကြက်တွေ ကြီးထွားနှုန်းမြန်အောင်လို့ လည်ပင်းနဲ့ တောင်ပံတွေမှာ စတီးရွိုက် (steronids) တွေ ထိုးတာတွေရှိပါတယ်။

အဲ့လို စတီးရိုက် (steronids) ထိုးတာတဲ့ ကြက်တွေရဲ့ တောင်ပံ ကို များများစားမိရင် အမျိုးသမီးတွေဆိုရင် ဟော်မှုန်း ကမောက်ကမတွေဖြစ်ပြီး သားအိမ်ထဲမှာ အလုံးဖြစ်တာနဲ့ တခြား ကျန်းမာရေး ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အရည်အသွေး မကောင်းတဲ့ ကြက်စာတွေကျွေးတာ

pexels-photo-236781

သဘာ၀ အတိုင်း ရှာဖွေ စားသောက်တဲ့ ကြက်စာတွေက အကောင်းဆုံးပါဘဲ။ မွေးမြူရေးခြံတွေမှာ ကြက်တွေကို အများကြီး တစ်နေရာတည်းမွေးတဲ့အခါမှာတော့ ကြက်စာကျွေးရပါတယ်။

အရည်အသွေးနိမ့်တဲ့ ကြက်စာတွေမှာ အာဟာရဓာတ်နည်းပြီး ပိုးမွှားတွေ၊ မှိုတွေ သေစေမယ့် ဓာတု ပစ္စည်းတွေပါဝင်တတ်ပါတယ်။ ဒါတွေက လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် ကိုယ်စားသုံးတဲ့ ကြက်သားအကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။

ဒီဆောင်းပါးကို ခနောကြက်သားမှုန့် က ကူညီပံ့ပိုးပေးထားပါတယ်။

ခနောကြက်သားမှုန့်

သင်ရဲ့ ဟင်းလျာတွေရဲ့ အနံ့အရသာ ကောင်းမွန်အောင် ခနောကြက်သားမှုန့်က ကူညီပေးနိုင်ပါတယ်။

ခနောကြက်သားမှုန့်ကို အရွယ်ရောက်ပြီးသား ကြက်တွေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အသိအမှတ်ပြုခံထားရတဲ့၊ အရည်အသွေးမြင့် အစားအစာတွေကျွေးမွေးပြီး မွေးမြူထားတဲ့၊ သန့်ရှင်းတဲ့ ကြက်ခြံမွေးမြူထားပြီး၊ ဟော်မှုန်းဆေးဝါးတွေနဲ့ ရောဂါကာကွယ်တဲ့ ဓာတု ဆေးဝါးတွေမသုံးထားတဲ့ ကြက်မွေးမြူရေးခြံတွေနဲ့ ပူးပေါင်းပြီး ထုတ်လုပ်တာဖြစ်ပါတယ်။
ကြက်သားမှုန့် ထုတ်လုပ်စဉ်၊ အခြောက်ခံစဉ်တွေမှာ သဘာဝနည်းအတိုင်း ပြုလုပ်ထားပြီး လူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဓာတု ပါဝင်ပစ္စည်းတွေ မသုံးစွဲထားပါဘူး။

image001