မိမိရင်ထဲက ချစ်ခြစ်မေတ္တာကိုဖော်ပြရာမှာ အရသာရှိတဲ့ ဟင်းလျာလေးတွေချက်ပြုတ်ပေးတာဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ထူးခြားကောင်းမွန်တဲ့အရသာနဲ့ အရောင်အစင်းလှပတဲ့ ဟင်းလျာတစ်ခွက်ရဖို့ ဘယ်လို ဆန်းသစ်တဲ့ နည်းလမ်းလေးတွေလိုမလဲ ကြည့်လိုက်ရအောင်ပါ။

ဟင်းချက်အမွေးအကြိုင် အတွဲအဖက်များ

ပူစီနံ

ဟင်းသီးဟင်းရွက်တွေ ချက်ပြုတ်ရာမှာ အသုံးပြုလို့ရပါတယ်။ ပူစီနံအစား ပင်စိမ်းရွက်လည်း အသုံးပြုကြပါတယ်။

ကရဝေးရွက်

ကရဝေးရွက်ကို ဟင်းချိုတွေ၊ အပြုတ်တွေမှာ အသုံးပြုကြပါတယ်။ ကရဝေးရွက်က ဟင်းလျာတွေရဲ့ အနံ့ကို ကောင်းစေပါတယ်။

 

နံနံပင်

နံနံပင်ကို အသုတ်၊ ဟင်းချို စတာတွေကို အနံ့လေးမွှေးနေအောင် ထည့်လေ့ရှိပါတယ်။

စမုံစပါးရွက်

ငါး၊ ကြက်သား၊ ကြက်ဥ၊ အသုတ်၊ ပဲ၊ မုန်လာဥနီ၊ သခွားသီး၊ အာလူး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းလျာတွေကို ချက်တဲ့အခါ စမုန်စပါးကိုထည့်ရင် အနံ့ကော အရသာကော ကောင်းစေပါတယ်။ တချို့လူတွေကလည်း အနံ့နည်းနည်းပြင်းတယ်ဆိုပြီး မကြိုက်ကြပါဘူး။

ပင်စိမ်းရွက်

ပင်စိမ်းရွက်ကို အသုတ်၊ ဟင်းသီးဟင်းရွက်၊ အနီရောင် အသားရှိတဲ့ ဟင်းလျာတွေမှာထည့်ချက်လေ့ရှိပါတယ်။

စပါးလင်

ဟင်းလျာတွေကို အနံ့မွှေးပျံ့အောင် ထည့်လေ့ရှိပါတယ်။ အထူးသဖြင့် ကြက်သား၊ အမဲသား ဟင်းလျာတွေ၊ အုန်းနို့နဲ့ချက်တဲ့ ဟင်းလျာတွေမှာထည့်လေ့ရှိပါတယ်။ အညှီနံ့ကိုလည်း ပျောက်စေပြီး အနံ့မွှေးစေပါတယ်။ တချို့ကလည်း အအေးဖျော်တဲ့အခါ အနံ့လေးမွှေးနေအောင် စပါးလင်ကို အအေးထဲ ထည့်မွှေကြတာလည်းရှိပါတယ်။

ဟင်းချက်နည်း


ဟင်းလျာတွေ အထူးသဖြင့် ဆီပြန်ဟင်း၊  ဟင်းချိုတို့ ချက်ပြုတ်ရာမှာ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ အဓိက ဟင်းလျာတွေမှာ ဆီတွေများဖို့နဲ့ မီးအေးအေးနဲ့ အသားဟင်းလျာတွေကို နူးအိအောင်ချက်ပြုတ်ဖို့ လိုအပ်ပါတယ်။

ဟင်းလျာနဲ့ တွဲဖက်နိုင်သည့် သောက်စရာများ

ခင်ပွန်းနဲ့အတူ သို့ သူငယ်ချင်းတွေနဲ့အတူ သောက်စရာလေးတွေပါဝင်တဲ့ ညစာလေးကို ဒီလိုဟင်းလျာတွေနဲ့ ဖန်တီးပေးလို့ရပါတယ်။

ဟင်းချို ပူပူလေးနဲ့ ခပ်စပ်စပ် ဟင်းလျာတွေက ဘီယာနဲ့ တွဲဖက်လို့ရပါတယ်။

သိပ်မစပ်တဲ့၊ ချိုတဲ့ဖက်ရောက်တဲ့ ဟင်းလျာတွေ၊ အရသာအရမ်းမပြင်းတဲ့ ဟင်းလျာတွေကတော့ ဝိုင်ချိုလေးနဲ့မြည်းလို့ကောင်းပါတယ်။

တချို့ကလည်း ငါးနဲ့ပတ်သက်တဲ့ ဟင်းလျာတွေကို ဝိုင်ဖြူလေးနဲ့ မြည်းပြီးတော့ အနီရောင်အသား ဟင်းလျာတွေကို ဝိုင်နီနဲ့မြည်းလေ့ရှိပါတယ်။

ဒီဆောင်းပါးကို ခနော ကြက်သားမှုန့်ကနေ ပံ့ပိုးပေးထားတာဖြစ်ပါတယ်။

ခနောကြက်သားမှုန့်

ခနောကြက်သားမှုန့်က အလွယ်တကူ အသုံးပြုလို့ရပြီး ဟင်းလျာတွေကို မိသားစု အရသာရှိစွာ စားသုံးနိုင်အောင် ကူညီပေးနိုင်ပါတယ်။