အားလုံးပဲမင်္ဂလာပါနော်။ ပရိုတင်းဓာတ်ကြွယ်ဝပြီး အဆီလည်းကျစေမယ့် Smoothie လေးကို လွယ်လွယ်ကူကူနဲ့ လုပ်သောက်လို့ရနေပါပြီနော်။

ကျန်းမာရေးနဲ့ညီညွတ်တဲ့ ပါဝင်ပစ္စည်းတွေ၊ အသီးအနှံတွေပဲ ထည့်သွင်းအသုံးပြုမှာမို့ အားလုံးနဲ့ သင့်တော်မယ်လို့ မျှော်လင့်ပါတယ်။

ပါဝင်ပစ္စည်း

အဆီမပါတဲ့နို့ ခွက်တစ်ဝက်

ဒိန်ချဉ် ခွက်တစ်ဝက်

မြေပဲထောပတ် စားပွဲတင်ဇွန်း ၂ ဇွန်း

ငှက်ပျောသီးမှည့် ၁ လုံး

ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

အရင်ဆုံး နို့၊ ဒိန်ချဉ်၊ ငှက်ပျောသီးစတာတွေကို ဖျော်စက်ထဲ ထည့်လိုက်ပါ။

ပြီးရင်တော့ မြေပဲထောပတ်နဲ့ ပျားရည်ထည့်လိုက်ပါ။

ပြီးရင်ပါဝင်ပစ္စည်းတွေကို သေချာလေး Blend လုပ်ပေးလိုက်ပါ။

ပြီးရင်တော့ ခွက်ထဲထည့်ပြီး သုံးဆောင်လို့ရပါပြီနော်။

အရသာလည်းရှိ ဗိုက်လည်းပြည့် အဆီလည်းကျတဲ့အပြင် ကျန်းမာရေးအတွက်လည်းကောင်းတာမို့ တစ်ချက်ခုတ် ၃၊ ၄ ချက်ပြတ်တာပေါ့ရှင်။

Source: www.fabhow.com