ကိုယ်အလေးချိန်ကျချင်တယ်ဆိုရင် ကိုယ်နေ့စဉ်စားနေတဲ့အစားအစာတွေကို ဂရုစိုက်စားသုံးဖို့လိုပါတယ်။ အဆီတွေ လောင်ကျွမ်းဖို့ လေ့ကျင့်ခန်း လုပ်ရုံသာမက အထောက်အကူပြုတဲ့ အစားအစာတွေကို စားသုံးနိုင်ဖို့ မျှဝေပေးချင်ပါတယ်။

ဂရိတ်ဖရု (သို့) ကျွဲကောသီး

Ripe-grapefruit-on-white-boards-opt

ဂရိတ်ဖရုက မြန်မာပြည်မှာမရလို့ ကျွဲကောသီးကို ညွှန်းလိုက်ပါတယ်။ ကျွဲကောသီးက အဆီကို ချေဖျက်နိုင်တဲ့ အစားအစာဖြစ်ပါတယ်။ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။

Green Tea

green-tea-leaves

လက်ဖက်ကြမ်း အအေးပဲဖြစ်ဖြစ် အပူပဲဖြစ်ဖြစ် အဆီ လောင်ကျွမ်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်နေပါတယ်။ သူ့မှာ Antioxidant တွေပါဝင်ပြီး တစ်နေ့တာလုံးအတွက် ဇီဝဖြဖြစ်စဉ်ကို မြင့်တင်ပေးနိုင်ပါတယ်။ တစ်နေ့ကို ရေနွေးကြမ်း ၂ ခွက်ကနေ ၃ ခွက်ထိသောက်ပေးပါ။

ငရုတ်သီး

cayenne-pepper3-opt

ပူစပ်စပ် ငရုတ်သီးကို မြန်မာတို့ နှစ်ခြိုက်စွာစားသုံးကြပါတယ်။ တစ်ချို့ဆို ငရုတ်သီးမပါရင် ထမင်းစားမမြိန်တာမျိုးတောင်ရှိပါတယ်။ ငရုတ်သီးက အဆီကို လျင်မြန်စွာလောင်ကျွမ်းစေရုံသာမက ကယ်လိုရီလည်း လောင်ကျွမ်းစေပါတယ်။ ငရုတ်သီးကို အစိမ်းပဲစားစား အကျက်ပဲစားစာ အခြောက်မှုန့်ပဲစားစာ ကိုယ်ကြိုက်တဲ့ ဟင်းလျာတွေမှာ ထည့်စားနိုင်ပါတယ်။

ဂျင်း

ginger-opt1

ဂျင်းကို နေ့စဉ် စားသုံးပေးသင့်ပါတယ်။ အဆီလောင်ကျွမ်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပြီး ကယ်လိုရီတွေလောင်ကျွမ်းစေပါတယ်။ ဒါ့အပြင် ဆာလောင်မွတ်သိပ်တာကို လည်း ထိန်းထားနိုင်ပါတယ်။ ဂျင်းကို ရေနွေးနဲ့ ဖျော်ပြီး ရေနွေးကြမ်းအဖြစ် သောက်သုံးနိုင်ပါတယ်။

Blueberries

blueberries-bowl-spoon-opt

Blueberries သီးတွေမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ဝမ်းဗိုက်က အဆီတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အဝလွန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

ပန်းသီး

green-apples-opt

ပန်းသီးမှာ အမျှင်ဓါတ်တွေ ဗီတာမင် C တွေ Antioxidant တွေကြွယ်ဝစွာပါဝင်ပါတယ်။ ဒါ့ကြောင့် ကိုယ်အလေးချိန်ကျစေပါတယ်။ တစ်နေ့ကို ပန်းသီး ၁ လုံးပုံမှန် စားပေးသင့်ပါတယ်။

ပန်းမုန်လာစိမ်း

broccoli-4-opt

ပန်းမုန်လာစိမ်းက အဆီကိုလောင်ကျွမ်းစေတဲ့ ဟင်းရွက်တစ်မျိုးဖြစ်ပါတယ်။ ဗီတာမင် C , A, K ,B6 နဲ့ မဂ္ဂနီဆီယမ်ဓါတ်တွေပါဝင်ပါတယ်။ တစ်ပတ်ကို ပန်းမုန်လာစိမ်း ၄ ကြိမ် ၅ ကြိမ်လောက်စားပေးသင့်ပါတယ်။