ကျန်းမာရေးအတွက် အိပ်ရေးကောင်းကောင်းဝဖို့ သိပ်ကိုအရေးကြီးပါတယ်။ ရွှေဖရုံစေ့မှာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ အဆီဓာတ်၊ မဂ္ဂနီဆီယမ်၊ ဇင့်စ် စတဲ့ ဓာတ်တွေပါဝင်ပြီး အရိုးကို ကျန်းမာသန်စွမ်းစေပါတယ်။ လူတိုင်းတော့ ရွှေဖရုံစေ့ဟာ အိပ်ရေးဝဖို့အတွက် အထောက်အကူပြုတယ်ဆိုတာကို သိပ်တော့မသိကြပါဘူး။ ရွှေဖရုံစေ့ရဲ့ အရသာကြောင့် တစ်ချို့က အပျင်းပြေစားကြပါတယ်။

sleep-500x334

ရွှေဖရုံစေ့မှာ Tryptophan ဓာတ်ပါဝင်လို့ အိပ်မောကျခြင်းကိုကာကွယ်ပေးပါတယ်။ အဲဒီဓာတ်ဟာ ဦးနှောက်ကနေ အိပ်မောကျစေတဲ့ ဟော်မုန်းကို ထုတ်ပေးပါတယ်။ ဒါ့ကြောင့်တစ်ချို့က အိပ်ယာမဝင်ခင်မှာ ရွှေဖရုံစေ့နည်းနည်းလောက်စားပေးပါ။

ရွှေဖရုံစေ့ရဲ့ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကတော့

pumpkin-seeds-500x335

ရွှေဖရုံစေ့မှာ တခြားကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာရှိနေပါသေးတယ်။ မဂ္ဂနီဆီယမ်ဓါတ်ပါဝင်ပြီး အရိုးကျန်းမာရေးကိုကောင်းမွန်စေသလို သွေးဖိအားလည်းကျစေပါတယ်။

သွေးဆုံးတဲ့ အမျိုးသမီးတွေအတွက်လည်း ရွှေဖရုံစေ့ကိုစားပေးသင့်ပါတယ်။ သွေးဆုံးနေချိန်မှာဖြစ်တတ်တဲ့ နာကျင်ကိုက်ခဲတာ ခေါင်းကိုက်တာတွေ ကိုလည်း သက်သာပျောက်ကင်းစေဖို့ကူညီပေးပါတယ်။

Pumpkin Seeds

Omega 3 ပါဝင်လို့လည်း ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်သင့်တဲ့အစေ့ပါပဲ။ Antioxidant တွေကြွယ်ဝစွာပါဝင်လို့လည်း အလှအပအတွက် ကောင်းမွန်သလို သင့်ကိုကျန်းမာစေပါတယ်။

ရွှေဖရုံရွက်ကိုရော အပွင့်ကိုရော အသီးကိုရော အစေ့ကိုရော စားပေးလို့ရပါတယ်။ လွှင့်ပစ်ဖို့မလိုတာကြောင့် သိပ်ကိုအကျိုးကျေးဇူးများတဲ့ အသီးအနှံ တစ်မျိုးလို့ဆိုရမလိုပါပဲ။