အေးချမ်းသော ရာသီလေးနှင့် လိုက်ဖက်သော အသုပ်လေးပါ။ အားလုံး သုပ်စားလို့ရအောင် ပြန်ရှယ်လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • (ဝါစာဘီမယ်ယိုနစ်လုပ်ရန်)
  • Wasabi  –  ၁ ဇွန်း (စားပွဲဇွန်း)
  • မယ်ယိုနစ်  – ၃ ဇွန်း (စားပွဲဇွန်း)
  • သံလွင်ဆီ  – ၁ ဇွန်း (စားပွဲဇွန်း)
  • (အသုပ်သုပ်ရန် ပါဝင်ပစ္စည်းများ)
  • မုန်လာဥနီ  –  ၁ ဥ (အခွံခွာပြီး ခြစ်ဖြင့်ခြစ်ထားပါ)
  • ချယ်ရီ ခရမ်းချဉ်သီး  –  ၁၀ လုံး (အလုံးလိုက်လေးတွေထားပါ)
  • ဂေါ်ဖီ  –  ၂ ရွက် (ခတ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ)
  • ဆလတ်ရွက်  – ၂ ရွက် ( အရွက်လိုက်ထားပါ)
  • ပူစီနံရွက်  – ၂ ပင် (အရွက်လေးတွေပဲချွေထားပါ)
  • သခွာသီး  –  ၁ လုံး (အချောင်းလေးတွေခြစ်ထားပါ)
  • ငုံးဥ  –  ၁၀ လုံး (ပြုတ်ပြီး အခွံခွာထားပါ၊ ထက်ခြမ်းခြမ်းထားပါ)

ပြုလုပ်နည်း

(ဝါစာဘီမယ်ယိုနစ်လုပ်ရန်)

  1. ဖန်ဇလုံထဲ ပါဝင်ပစ္စည်းများ အားလုံး ထည့်ပြီး ခလောက်တံဖြင့် အားလုံး သေချာရောတယ့်အထိ ခလောက်ပေးပါ ။  ဆားမြည်းပါ ။ လိုတာ ထပ်ထည့်ပေးပါ ။  အသုပ်ထဲ လိုသလောက် ထည့်သုပ်လို့ ရပါပြီ ။ အချဉ်ရည် ညစ်ထည့် ရသော ဗူးထဲ ထည့်ပြီး အသုပ်ပေါ်မှနေ ညှစ်တာ ပိုအဆင်ပြေပါတယ် ။

(အသုပ်သုပ်နည်း)

  1. ဖန်ဇလုံး အကြီးထဲ ဆလတ်ရွက် နှင့် ငုံးဥကလွဲလို့ တစ်ခြား အသီးအရွက်များ ထည့်ပြီး အားလုံး သေချာရောအောင် မွှေပါ ။
  2. ပြီးမှ သုံးဆောင်ရန် ပန်းကန်ထဲ ဆလတ်ရွက် အရင်တင်ပြီး အပေါ်မှ အသီးအရွက်ရော နှင့် ငုံးဥများ တင်ပါ ။
  3. အားလုံးတင်ပြီးလျင် အချဉ်ရည် ညှစ်ဘူးဖြင့် ထည့်ထားသော ဝါဆာဘီမယ်ယိုအနှစ် လိုသလောက် ဖျန်းပါ ။ ချက်ချင်း သုံးဆောင်ပါ။
  4. မှတ်ချက် – ဝါဆာဘီမယ်ယိုကို ကိုယ့်စိတ်ကြိုက် ကိုယ့်ကြိုက်နှစ်သက်သော အရသာအတိုင်း အတိုးအလျော့ လုပ်ပြီး စပ်လို့ ရပါတယ် ။