ငပိငရုတ်သီးစိမ်းကြော်


Share this on:

မင်္ဂလာပါ တို့အခုတင်မယ့် နောက်ထပ်ဟင်းတစ်မျိုးကတော့ ငပိငရုတ်သီးစိမ်းကြော်လေးပါ။
မနက်စာ စားရင်ပဲဖြစ်ဖြစ် ခံတွင်းမလိုက်ရင်ပဲဖြစ်ဖြစ် အလွယ်တကူ ချက်စားလို့ရတဲ့ ဟင်းလေးပါ။

ပါဝင်ပစ္စည်းများ

  • ငပိထမင်းစားဇွန်းတစ်ဇွန်းစာ(တို့ကတော့ဘိတ်ငပိသုံးထားတယ်.)
  • ငရုတ်သီးစိမ်း၁၀သား.(ကိုယ့်ကြိုက်တဲ့ငရုတ်သီးကိုထည့်လို့ရတယ်)
  • ကြက်သွန်နီ၅ဥ ကြက်သွန်ဖြူ အနည်းငယ်
  • ဆားအနည်းငယ်
  • ဟင်းခတ်မူန့် အနည်းငယ် (မထည့်လည်း ရပါတယ်)
  • ဆီ၅ကျပ်သား

ချက်ပြုတ်ပုံ

  1. ချက်နည်းကတော့လွယ်ကူပါတယ်။"ကြက်သွန်နီနဲ့ကြက်သွန်ဖြူကိုဆီသတ်ပါ။
  2. အရောင် လှလာရင် ငပိထည့်ပါ။
  3. ငပိ ခပ်ခြောက်ခြောက် ဖြစ်လာရင် ငရုတ်သီး ကိုက်ပြီးသားတွေ ထည့်လိုက်ပါ(ပုဇွန်ခြောက် ထည့်ချင်လည်း ထည့်နိုင်ပါသည်)
  4. အနံ့ မွှေးပြီး ငရုတ်သီးခြောက်လျင် သုံးဆောင်နိုင်ပါသည်။

Credit: FukhintphyuFukhintView

Review

User Rating

4 (4 Votes)