ငါးမုန်လာဥချည်ရည်ဟင်း

Share this on:

ပါဝင်ပစ္စည်းများ

  • ငါး၁၅ကျပ်းသား
  • မုန်လာဥ၁စည်း
  • ခရမ်းချဉ်သီး၂လုံး
  • ကြက်သွန်နီ အကြီး၁လုံး
  • ငပိစိမ်းစား အနည်းငယ်
  • မန်ကျီးသီး အမှည့် အနည်းငယ်
  • ဆားနနွင်းမှုန့်
  • ဟင်းခတ်မှုန့်
  • ဆီအနည်းငယ်
  • နံနံပင်

ပြုလုပ်နည်း

  1. မန်ကျီးသီးမှည့် အနည်းငယ်ကို ရေဆေးပြီး ရေနွေးနှင့် စိမ်ထားပါမယ်။
  2. ငါးကိုရေစင်အောင် ဆေးပြီး ချက်မည့် အိုးထဲ ထည့်ထားပါမယ်။
  3. မုန်လာဥကို အရွယ်တော် လှီးပြီး ဆားနှင့်နယ် ရေဆေးထားပါမယ်။
  4. ကြက်သွန်နီ ခရမ်းချဉ်သီးပါ လှီးထားပါမယ်။
  5. ငါးမုန်လာဥ ကြက်သွန်ခရမ်းချဉ်သီးကို ဆားနနွင်းမှုန့် ဟင်းခတ်မှုန့် ငပိစိမ်းစားဆီ အနည်ငယ်တို့နှင့် ရောနယ်ပြီး ရေအနည်းငယ် ထည့်ပြီး လုံးချက်ပါမယ်။
  6. ငပိနံ့ပြောက်ပြီး ရေခန်းလျှင် မွှေပြီး စိမ်ထားတဲ့ မန်ကျီးမှည့် အချဉ်လေး ထည့်ပြီး အပေါ့အငံ လိုအပ်သလို ပြင်ပြီး ပွတ်ပွတ်ဆူလာရင် နံနံပင်လေး အုပ်ပြီး သုံးဆောင်လို့ ရပါပြီးရှင်။

Credit: Su Myat Mon

Review

User Rating

5 (2 Votes)