ဆေးဖက်ဝင်ရဲယိုရွက်နဲ့အတူ ငါးဖယ်ဟင်းလေးချက်စားကြရအောင်။ ရဲယိုရွက်ရဲ့ နည်းနည်းခါးသက်တဲ့ အရသာကြောင့် လူငယ်တွေကတော့ သိပ်သဘောတွေ့မှာမဟုတ်ပေမယ့် ကျန်းမာရေးအတွက်အထူးကောင်းမွန်လို့ အကျင့်လုပ်ပြီးစားပေးကြည့်နော်။

ပါဝင်ပစ္စည်းများ

  • ငါးဖယ် – ၂၀သား
  • ကြက်သွန်ဖြူ – ၁ဥ
  • ကြက်သွန်နီ – ၅ ဥ
  • ဂျင်း- အနည်းငယ်
  • ဆား – အနည်းငယ်
  • ဟင်းခတ်မှုန့် – အနည်းငယ်
  • နနွင်း – သင့်တော်သလောက်
  • ရဲယိုရွက် – လိုသလောက်
  • ဆီ – ၃ဇွန်း (ဟင်းခတ်ဇွန်း)
  • အရောင်တင်မှုန့် – အနည်းငယ်
  • ခရမ်းချဉ်သီး – ၃လုံး
  • ငံပြာရည်
  • ငရုတ်သီးစိမ်း
  • နံနံပင်

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးဖယ် ၂၀သားကို ကြက်သွန်ဖြူ ၊ ဂျင်း ၊ ဆား ၊ ဟင်းခတ်မှုန့် ၊ နနွင်းတို့နဲ့ ငါးဖယ်မာအောင်ထောင်းပါ ။
  2. ရဲယိုရွက်ကို ရေစင်စင်ဆေးပြီး ငါးဖယ်ထည့်လိပ်ထားပါ ။
  3. ကြက်သွန်ဖြူ ၃မွှာ ၊ ကြက်သွန်နီ ၅ ဥ ညက်အောင်ထောင်း ဆီ ဟင်းခတ်ဇွန်း ၃ဇွန်းမှာ အရောင်တင်မှုန့်ထည့် ဆီသတ်ပါ ။
  4. ခရမ်းချဉ်သီးကို နုတ်နုတ်စင်းထည့်ပါ ။ ခရမ်းချဉ်သီးနွမ်းလျှင် လိပ်ထားသော ငါးဖယ်ရဲယိုထုပ်များ ထည့်ပါ ။
  5. ရေအနည်းငယ်ထည့် ငံပြာရည်ထည့် ငရုတ်သီးစိမ်းညှပ်ထည့် အဖုံးအုပ်ထားပါ ။ ဆီပြန်လျှင် နံနံပင်အုပ် မီးဖိုပေါ်မှချ၍ သုံးဆောင်နိုင်ပါသည် ။

Credit: Myanmar Yummy Foods