မင်္ဂလာပါ။ ငါးကြင်းဖြူလို့ဆိုလိုက်တာနဲ့ ကြော်မယ်၊ ချက်မယ်၊ ဟင်းရည်ထဲထည့်သောက်မယ်လောက်ပဲ တွေးမိကြမှာပါ။ ဒါပေမယ့် ဒီတစ်ခါမှာတော့ အပြောင်းအလဲလေးဖြစ်အောင် ပေါင်းပြီးစားကြည့်ရအောင်။ ငါးကြင်းဖြူရှူးရှဲပေါင်းလို့ အမည်ရတဲ့ ဟင်းပွဲလေးနဲ့ မိတ်ဆက်ပေးလိုက်ပြီနော်။

ပါဝင်ပစ္စည်းများ

  • ငါး – အနေတော်တုံးပါ
  • ဆား
  • ဟင်းခတ်မှုန့်
  • ရှောက်ကော
  • ခွာကျောဝ်မှုန့်
  • ကြက်သွန်ဖြူ
  • ဂျင်း
  • ငရုတ်သီးစိမ်း
  • ပင်စိမ်း
  • ဖက်ဖယ်ရွက်
  • ရှမ်းနံနံ
  • ကင်ပွန်းချဉ်ရွက်

ပြုလုပ်နည်း

  1. ငါးကို အနေတော် တုံးပြီး ဆား ၊ ဟင်းခတ်မှုန့် ၊ ရှောက်ကော ၊ ခွာကျောဝ်မှုန့် ထည့်နယ်ပါ ။
  2. ကြက်သွန်ဖြူ ၊ ဂျင်း ၊ ငရုတ်သီးစိမ်း ၊ ကင်ပွန်းချဉ် ထောင်းပြီးထည့်ကာ ပင်စိမ်း ၊ ဖက်ဖယ်ရွက် ၊ ရှမ်းနံနံ တို့ကို တောက်တောက် စင်းထည့်ပါ ။
  3. ပြီးရင် ဖက်မှာမကပ်အောင် ဆီ အနည်းငယ် ထည့်နယ်ပြီး နာရီဝက် ၁ နာရီခန့် နှပ်ထားပါ ။
  4. ပြီးရင် နှပ်ထားသော ဖက်ထုပ်များကို ပေါင်းအိုးထဲ ၁ နာရီခန့် ထည့်ပေါင်းပြီးလျှင် ပူပူနွေးနွေးလေး စားသုံးလို့ ရပါပြီရှင့် ။

Credit: Nang Thanda Oo