ပါဝင်ပစ္စည်းများ

  • ‪ငါး
  • ဂွေးသီး ၅ လုံး
  • ငပိရည်ကျို ၁ ဇွန်း (ထမင်းစားဇွန်း)
  • ခရမ်းချဉ်သီး ၂ လုံး
  • ကြက်သွန်ဖြူ ၃ မွှာ
  • ‪‎ကြက်သွန်နီ‬ အကြီး ၁ လုံး
  • ငရုတ်အခြောက်တောင့် ၅ တောင့်
  • ဆီ ၂ ဇွန်း (ထမင်းစားဇွန်း)
  • ဆား အနည်းငယ်
  • ဆနွင်း အနည်းငယ်
  • အချိုမှုန့် နည်းနည်းလေး
  • ငြုပ်သီးစိမ်း ၅ တောင့်
  • ဗမာနံနံ

ပြုလုပ်နည်း

  1. ငါးတွေ‬ သန့်စင်ပြီး ဆား ၊ ဆနွင်း ၊ အချိုမှုန့်နယ် ထားပါ။ ‪
  2. ဂွေးသီးများကို အရှည်လိုက် လှီးပြီး ဆားရေစိမ် ထားပါ။  ငရုတ်အခြောက်တောင့်များကို ကပ်ကြေးဖြင့် ညှပ်ပြီး ရေစိမ်ထားပါ။
  3. ‪‎ကြက်သွန်ဖြူ ၊ ‪‎ကြက်သွန်နီ‬ နှင့်‬ ခရမ်းချဉ်သီး ဆီသက်ပါ။
  4. ‪ပြီးလျင် ငရုတ်သိးအခြောက်တောင့် ၊ ငပိရည် နှင့် လှီးထာသော ဂွေးသီးကို ထည့်ပါ။  ရေနွေး အနည်းငယ် ထည့်ပါ။  ပြီးလျင် ငါးများကို ထည့်ပါ။
  5. ခဏ အုပ်ထားပြီးလျင် ငါးကျက်တော့ ငြုပ်သီးစိမ်း ၊ ဗမာနံနံ  အုပ်ပြီး အပေါ့အငံ မြည်းပြီး သုးံဆောင် နိုင်ပါသည်။

MyFood Myanmar