ငါး - Fish | ပင်လယ်စာ - Sea Food | ဟင်း - Curry

Fish Head Curry (ငါးခေါင်းဟင်း)

June 3, 2016

Fish Head Curry (ငါးခေါင်းဟင်း)

Share this on:

Fish Head

ပါဝင်ပစ္စည်းများ

  • ငါးခေါင်းအကြီး - ၁ လုံး
  • ကြက်သွန်နီ - ၂ လုံး
  • ကြက်သွန်ဖြူ - ၈ လုံး
  • ဂျင်း - လက်တစ်ဆစ်ခန့်
  • စပါးလင် - ၂ ချောင်း
  • ပျင်းတော်သိမ့်အရွက် - အနည်းငယ်
  • နနွင်းမှုန့်  - ဇွန်းဝက် (လဖက်ရည်ဇွန်း)
  • စမုန်စပါး ၊ ဇီယာ - ၁ ဇွန်း (စားပွဲတင်ဇွန်း)
  • ဆား - ဇွန်းဝက် (လက်ဖက်ရည်ဇွန်း)
  • မကျည်းရည်အနှစ် - ၃ ဇွန်း (စားပွဲတင်ဇွန်း)
  • အုန်းနို့ - အနည်းငယ်
  • သကြား - အနည်းငယ်
  • ခရမ်းသီး
  • ရုံးပတေသီး
  • ငရုပ်သီးစိမ်း
  • ဟင်းခတ်မှုန့်

ပြင်ဆင်ပြုလုပ်နည်း

  1. ပထမဦးစွာ ငါးခေါင်းကို ဆားအနည်းငယ်နှင့် သံပုရာရည်အနည်းငယ် ညှစ်၍ ပွတ်တိုက်ပြီး သန့်စင်အောင်ဆေးပါ ။
  2. ပါဝင်ပစ္စည်းများဖြစ်သည့် ကြက်သွန်နီ ၊ ကြက်သွန်ဖြူ  တစ်ဝက်ကို ပါးပါးလှီးပြီး တစ်ဝက်ကိုကြိတ်စက်ထဲထည့်ကာ ဂျင်းလက်တစ်ဆစ်ခန့်ပါ ရောထည့်ပြီး အနှစ်ရအောင် ကြိတ်ထားပါ ။  Curry အမှုန့် (Malabars Curry Powder) ၃ဇွန်း ၊ Baba Curry Powder ၃ဇွန်း ၊  ငရုပ်သီးအရောင်တင်မှုန့် ၁ဇွန်း  အားလုံး စားပွဲတင်ဇွန်းတွေပါ။) ရောထည့်ပြီး ရေအနည်းငယ်ထည့်ကာ ပျစ်ပျစ်ဖျော်ထားပါ ။
  3. ဒယ်အိုးထဲသို့ ဆီအနည်းငယ်ထည့်ပြီး ပါးပါးလှီးထားသော ကြက်သွန်နီ၊ ဖြူ  ထည့်ပါ ။
  4. ပျင်းတော်သိမ့်အရွက်ချွေထည့်ပါ ။ စပါးလင်ထည့်ပြီး ဆီသတ်ပါ ။
  5. ထို့နောက် နနွင်းမှုန့် ထည့်ပါ ။ စမုန်စပါး ၊ ဇီယာ အမှုန့် ထည့်ပါ ။   အနံ့မွှေးလာပါက အသင့်ရေဖြင့်ပျစ်ပျစ်လေးဖျော်ထားသော Curry Paste ထည့်ပြီးမွှေပေးကာ ရေအနည်းငယ်ထည့်ပါ ။  ပြီးနောက် ဆား ၊ မကျည်းသီးအနှစ်ထည့်ပါ ။ သကြားအနည်းငယ် ထည့်ပါ ။   အုန်းနို့အနည်းငယ်ထည့်ပြီး ရေများများထည့်ကာ ပွက်လာအောင်တည်ပါ ။   ရေပွက်လာပါက အသင့်လှီးထားသော ခရမ်းသီး ၊ ရုံးပသေီးတေသီး ၊ ငရုပ်သီးစိမ်း ထည့်ကာ .ရေစင်အောင်ဆေးထားသည့် ငါးခေါင်းအားထည့်ကာ ၁၅ မိနစ်ခန့် မီးအေးအေးဖြင့် တည်ထားပါ ။
  6. ထို့နောက် ခရမ်းချဉ်သီး လေးစိပ်ခွဲထည့်၊ အပေါ်တွင် တရုတ်နံနံပါးပါးလှီးထည့်ပြီး အုပ်ကာ အသင့်စားသုံးနိုင်ပါသည် ။ အလွန်အရသာရှိကာ ဈေးကြီးပေး၍စားရသော ငါးခေါင်းဟင်းဖြစ်ပါသည် ။

Credit: ဇွဲသုသု