ခေါက်ဆွဲ - Noodle Dishes | ငါး - Fish | မုန့်ဟင်းခါး - Mone Hin Gha

ငါးခူနဲ့ ချက်တဲ့ မုန့်ဟင်းခါး

April 4, 2016

ငါးခူနဲ့ ချက်တဲ့ မုန့်ဟင်းခါး

Share this on:

%e1%80%84%e1%80%ab%e1%80%b8%e1%80%81%e1%80%b0%e1%80%94%e1%80%b2%e1%82%95-%e1%80%81%e1%80%ba%e1%80%80%e1%80%b9%e1%80%90%e1%80%b2%e1%82%94-%e1%80%99%e1%80%af%e1%80%94%e1%80%b9%e1%82%95%e1%80%9f%e1%80%84

 

ပါဝင်ပစ္စည်းများ

  • ငါးခူ   -  ၅၀ ကျပ်သား (ကြိုက်နှစ်သက်ရာ ငါးတစ်မျိုးမျိုး)
  • ငါးပိကောင်  -  နှစ်ကောင် (ကြိုက်နှစ်သက်ရာ ငါးပိကောင်)
  • ဆီ  -   နှစ်ဆယ်ကျပ်သား
  • ကြက်သွန်နီ အနေတော်အရွယ်   -  ၂၁ လုံး
  • ကြက်သွန်ဖြူ   -  ၆ ဥ
  • ဂျင်း   -  လက်တစစ်
  • စပါးလင်   -  ၇ ချောင်း
  • ငရုတ်သီးခြောက်   -  ၅ တောင့်
  • ဆား    -   အသင့်အတင့်
  • * နနွင်းမှုန့်   -  အသင့်အတင့်
  • ထန်းညက်ခဲ  -   နှစ်ခဲ
  • ဘဲဥ (သို့) ကြက်ဥ   -   ၈ လုံး
  • ငရုတ်ကောင်းမှုန်  -    ဇွန်းတဝက် ( လဘက်ရည်ဇွန်း)
  • ဆန်အကျက်မှုန့်   -   တဝက် ( နို့ဆီဗူး )
  • အကျက်မှုန့်   -  သုံးပုံ တပုံ ( နို့ဆီဗူး )
  • ရွှေကြည် အကျက်မှုန့်   -  သုံးပုံ တပုံ ( နို့ဆီဗူး )
  • ငံပြာရည်   -   နှစ်ဆယ်ငါးကျပ်သား
  • ငှက်ပျောအူ   -   ၆ လက်မလောက်

ပြုလုပ်နည်း

  1. မုန့်ဟင်းခါးချက်ရန် အတွက် ကြိုက်နှစ်သက်ရာ ငါးတစ် မျိုးမျိုးနဲ့ ချက်လို့ ရပါတယ် ။   ငါးခူ ၊ ငါးကျည်းနှင့် ချက်လျှင်တော့ မုန့်ဟင်းခါး ဟင်းရည် အရသာ ပိုကောင်းပါတယ် ။  အချိုလေးပြီး ပိုမွှေး ပါတယ် ။
  2. ပထမဦးဆုံး ငါးခူကို ဆားနဲ့ပွတ် ရေစင်အောင် ဆေး၍ ငါးခူကို မညှီအောင် ခေါင်းကနေ  မီးညှပ်နဲ့ညှပ်ကာ ရေနွေးပွက်ပွက် ဆူဆူ နေသော အိုးထဲသို့ ဆတ်ခနဲနှ စ်ပြီး ဆတ်ခနဲ ပြန်ထုတ်လိုက်ပါ ။  ငါးခူရဲ့ အညှီ အနံ့လည်း ပြောက်ပြီး အရိအရွဲတွေလည်း အကုန်စင်ကုန်ပါမည် ။ 3.ြ
  3. ပြီးလျင် ငါးပြုတ်မည့် အိုးထဲသို့  ငါးခူ ၅၀ သား ၊ ငါးပိကောင် နှစ်ကောင် ၊ဆား ၊ ထန်းညက်ခဲ နှစ်ခဲလောက် ၊ ထုထားသော စပါးလင် သုံးချောင်းလောက် ၊ နနွင်းမှုန့်နည်းငယ် ၊ငံပြာရည်ကို ငါးမြုတ်နေအော င်ထည့်၍ ရေကို လက်ဘက်ရည်ခွက် တစ်ခွက်စာထည့်ကာ ပွက်ပွက် ဆူအောင် တည်ပါ ။
  4. ထန်းညက်ခဲ ထည့်ပြီး ငါးပြုတ်လျှင် အချိုလေးပြီး ဟင်းချိုမှုန့်များ ထည့်စရာ မလိုသလို မုန့်ဟင်းခါးဟင်းရည် အရသာလည်း ပိုပြီး ကောင်းပါသည် ။
  5. ငါးများ ပွက်ပွက် ဆူလာပြီး ငါးပြုတ်နံ့ မွှေးလာပြီဆိုရင် ပန်းကန် တစ်ခုထဲသို့ ငါးများကိုဆယ်ပြီး အအေးခံထားပြီးမှ အရိုးများကို နွှင်ပါ။
  6. အရိုးများကို ထောင်းပြီး အဝတ်ပါးနှင့် အရည် စစ်ချပါ ။
  7. ဘဲဥ (သို့) ကြက်ဥ ၈ လုံးလောက် ပြုတ်၍ အခွံများ ခွါထားပါ ။
  8. ကက်သွန်နီ ၄ လုံးနှင့် ကြက်သွန်ဖြူ ၃ ဥတို့ ကိုပါးပါးလှီးပြီးကြော်ကာ ဇကာနှင့် ဆီ စစ်ထားပါ။
  9. ထို့နောက် ညက်အောင် ထောင်းထားသော ဂျင်း လက်တစစ် ၊စ ပါးလင် ၂ ချောင်း ၊ ကြက်သွန်နီ ၇ လုံး ၊ ကြက်သွန်ဖြူ ၃ ဥ ၊ ငရုတ်သီးခြောက် ၅ တောင့် တို့ကို နနွင်း အနည်းငယ်ဖြင့် ဆီသတ်ပါ ။
  10. ကြက်သွန်များ ရဲလာပြီး ရွှေရောင်သန်း လာပါက နွှင်ထားသော ငါးများကိုလည်း ထည့်ပြီး မွှေပေးပါ ။   ငရုတ်ကောင်းမှုန့် လက်ဘက်ရည်ဇွန်း တဝက်လောက် ထည့်ပြီး မွှေပါ ။
  11. ငါးအနံ့မွှေးလာလျှင် ငါးပြုတ်ထားသော အရည်များကို ထည့်ပြီး မွှေပေးပါ ။ 12.ြ
  12. ပြီးလျှင် ဆန်အကျက်မှုန့်  နို့ဆီဗူး တဝက် ၊ ပဲအကျက်မှုန့် နို့ဆီဗူး သုံးပုံ တပုံ ၊ ရွှေကြည် အကျက်မှုန့် နို့ဆီဗူး သုံးပုံ တပုံ အားလုံးကို ရေနှင့် ရောဖျော်၍ ဟင်းရည်အိုး ထဲသို့ ထည့်ပြီး မွှေပါ ။   ရေကိုလည်း ပန်းကန်လုံး လေးလုံးစာလောက် ထည့်ပေးပါ ။   ဟင်းရည်ပျစ်နေသေးရင် ရေကိုမှန်းပြီး ထပ်ထည့်ပေးပါ။
  13. အိုးဘဲဥအတွက် ဘဲဥ (သို့) ကြက်ဥ ၄ လုံး အလုံးလိုက်ကို အခွံနွှာပြီး ဟင်းရည်အိုးထဲ ထည့်ထားပါ ။  ကျန် ၄ လုံးကို ပါးပါးလှီးပြီး ထည့်ပါ ။စပါးလင် ၂ ချောင်းလောက် ထုပြီး ထည့်ပေးပါ
  14. ကြက်သွန်နီဥသေး ၁၀ လုံး လောက် ခွါထားပါ ။
  15. ငှက်ပျောအူ ၆ လက်မလောက်ကို မထူမပါး လှီးပြီး ရေစိမ်ထားပါ ။
  16. ဆန်မှုန့်အနှံ့များ ပြောက်ပြီး ဟင်းရည်များ ပွက်ပွက် ဆူလာလျှင် မြည်းကြည့်၍ ဆား ၊ ငံပြာရည် လိုအပ်လျှင် ထည့်ပေးပါ ။မကြာခဏ မွှေမွှေပေးပါ။
  17. မုန့်ဟင်းခါးဟင်းရည်က ကြာကြာတည်လေ ပိုကောင်းလေ ဖြစ်တဲ့အတွက် မီးအေးအေးနှင့် ပဲ ၊ ရွှေကြည်နှင့် ဆန်နှစ်များ ကျ၍ အတော် ကြာကြာ ဆူပြီးမှသာ ကြက်သွန်နီဥများနှင့် ငှက်ပျောအူများကို ထည့်ပေးပါ ။  ဟင်းရည်များ ပွက်ပွက်ဆူလာပါက ဆီစစ်ထားသော ကြက်သွန်နီနှင့်  ကြက်သွန်ဖြူ ကြော်များ ထည့်ပြီး မွှေပေးပါ ။
  18. ကြက်သွန်နီ ဥများနှင့် ငှက်ပျောအူများနူးပြီး ကျက်လာလျှင် အပေါ့အငံမြည်းကာ အလွန် အရသာ ရှိသော ငါးခူနဲ့ ချက်သည့် မုန့်ဟင်းခါး ဟင်းရည် ချိုချိုလေး သုံးဆောင်လို့  ရပါပြီ။
  19. မုန့်ဟင်းခါးကို ငါးဖယ်ကြော် ၊ အိုးဘဲဥ ၊ ပဲကြော် ၊ ဗူးသီးကြော် ၊ အီကြာကွေး ၊ နံနံပင် ၊ပူစီနံ ၊ပဲသီး ၊သံပုရာသီး ၊ ငရုတ်သီးမှုန့် တို့ဖြင့် တွဲဖက်၍လည်း သုံးဆောင်နိုင်ပါတယ် ။
Credit: ဒေါ်ပုလက်ရာ

Review

User Rating

3.1 (8 Votes)