ပါဝင်ပစ္စည်းများ

  • ငါး
  • ခရမ်းချဉ်သီး
  • ငပိ
  • ကြက်သွန်ဖြူ၊ ကြက်သွန်နီ ၊ ကြက်သွန်မြိတ်
  • ငရုပ်စိမ်း

Source: indiamart.com

  • ငရုပ်ခြောက်
  • ငံပြာရည်
  • သံပုရာ
  • နနွင်း
  • ဆား ၊ဆီ

ပြုလုပ်နည်း

ငါးကို နနွင်း၊ ဆားနယ်ပြီး ဆီနည်းနည်း မီးအေးအေးနဲ့ အိုးကပ် လုံးကြော်လေး လုပ်ပြီး၊ ငါးအသားများကိုနွှင်ပါ။ ခရမ်းချဉ်သီးကို အပေါ်အရည်ခွံ တင်းအောင်ပြုတ်ထားပါ။ ငပိကို မီးကင်ထားပါ။

နွှင်ထားသော ငါးအသားများကို ခရမ်းချဉ်သီးပြုတ်၊ ငပိထောင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ကြက်သွန်မြိတ်၊ ငရုပ်စိမ်း၊ ငရုပ်ခြောက်၊ သံပုရာ နှင့် ငံပြာရည် တို့နဲ့ အားလုံးကို ရောထောင်းပါ။ အပေါ့အငံမြည်း၍ သုံးဆောင်နိုင်ပါပြီ။

Credit: Khayann May