တူနာငါးဆိုတဲ့ ငါးမည်းလုံး၊ ဆာမွန်ငါးနဲ့ ဆာအင်းဆိုတဲ့ ငါးသေတ္တာငါးတွေကို တစ်ပတ်မှာ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ်လောက် စားသုံးပါက ရင်သားကင်ဆာ ဖြစ်ပွားမှုကို လျော့ချပေးနိုင်တာကို ဗြိတိသျှ ဆေးပညာဂျာနယ် BMJ မှာ ဖော်ပြခဲ့ပါတယ်။

Source: bundoo.com

အဆိုပါ သုတေသနပြုချက်ဟာ တရုတ်နိုင်ငံကို အခြေပြုပြီး အမေရိကန် ပြည်ထောင်စု၊ ဥရောပနဲ့ အာရှနိုင်ငံတွေမှာ နေထိုင်ကြတဲ့ စေတနာအလျောက် ပါဝင်ကူညီပေးကြတဲ့ လူပေါင်း (၈) သိန်းကျော်ရဲ့ နေ့စဉ်စားသုံးမှု အလေ့အထများကို အခြေခံပြီး ထုတ်ပြန်ထားတဲ့ သုတေသနပြု တွေ့ရှိချက်ပေါင်း (၂၆) ခုကို ခြုံငုံသုံးသပ်ကာ ဖော်ထုတ် တင်ပြထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

Source: Maangchi

ငါးများမှရရှိတဲ့ အဆီမှာ လူရဲ့ သွေးထဲမှာ ကိုလက်စထရော ဖြစ်ပေါ်မှုကို အားမပေးတဲ့ အဆီတစ်မျိုးဖြစ်တဲ့ အင်သရီးပေါ့လီယန်ဆယ့်ရှရေးတစ် ဖက်တီးအက်စစ် (cn-3 Polyunsaturated Fally Acid) ဒါမှမဟုတ် n-3 PUF As လို့ခေါ်တဲ့ အဆီများ အမြောက်အများ ပါဝင်နေတယ်လို့ ဆိုပါတယ်။ အဆိုပါ n-3 PUFAS ကို ငါးများ၊ အစေ့၊ အဆံများနဲ့ ဟင်းရွက်ဆီတွေမှာ အများဆုံး တွေ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ သုတေသနပြုချက်အရ n-3 PUFAS ပါတဲ့ အစားအစာများကို စားသုံးတဲ့သူက အဆိုပါ အစားအစာများကို စားသုံးမှု မပြုသူတွေထက် ရင်သားကင်ဆာ ဖြစ်ပေါ်မှု အန္တရာယ်ကို ၁၄ ရာခိုင်နှုန်းလောက် လျော့ချပေးနိုင်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

Source: YATANARPON