ငါး - Fish | ပုဇွန် - Prawn | အပေါင်း - Steamed

ငါးပေါင်းထုပ် (သို့) ပုစွန်ပေါင်းထုပ်

April 18, 2016

ငါးပေါင်းထုပ် (သို့) ပုစွန်ပေါင်းထုပ်

Share this on:

ဒီပာင်းပွဲကို ငါး (သို့) ပုစွန်အသေးစားလေးများနှင့် မိမိနှစ်သက်သလို ပြင်ဆင်နိုင်ပါတယ် ။

ပါဝင်ပစ္စည်းများ

  • ငါးအသားလွှာ(သို့) ပုစွန် (၃၀) ကျပ်သား
  • ငှက်ပျောဖူး ၁ လုံး
  • ဂျူးမြစ်ဖူး ၂ စည်း
  • ကြက်သွန်ဖြူ ၅ တက်
  • ဂျင်းသေးသေး ၁ တက်
  • မြေပဲစိမ်း ၁/၂ ခွက် (လက်ဖက်ရည်ပန်းကန်)
  • နံနံပင် အနည်းငယ်
  • ခရမ်းချဉ်သီး ၂ လုံး
  • ငှက်ပျောရွက် လိုအပ်သလို
  • ဆီ အနည်းငယ်
  • ဆန်စိမ်းမှုန့် ၃ ဇွန်း( ထမင်းစား)
  • ကောင်းညှင်းမှုန့် ၂ ဇွန်း (ထမင်းစား)

ပြင်ဆင်ပြုလုပ်နည်း

  1. ငါးအသားလွှာ(သို့) ပုစွန်များကို ရေဆေးပြီး ဆား ၊ ငရုတ်ကောင်းမှုန့်တိုနှင့် နယ်ပြီး (၅) မိနစ်ခန့် နှပ်ထားပါ ။
  2. ငှက်ပျောဖူးများကို အခွံရင့်တွေချွတ်ပြီး ပါးနိုင်သလောက် ပါးပါးလှီးပါ ။
  3. ဂျူးမြစ် အဖူးများကိုလည်း ၃ စင်တီမီတာ အရွယ်လေးများ ပိုင်းဖြတ်ပါ ။
  4. ကြက်သွန်ဖြူ ၊ ချင်းတို့ကို ညှက်နေအာင် ရောထောင်းပါ ။ ခရမ်းချဉ်သီးကိုလည်း ခပ်ကြမ်းကြမ်းစင်းပါ ။
  5. ဇလုံတစ်ခုအတွင်းမှာ ဆား ၊ ပာင်းခတ်မှုန့် ၊ ကြက်သွန်ဖြူ ထောင်းအရော ၊ ငှက်ပျောဖူး ၊ ဂျူးဖူးမြစ်၊ မြေပဲထောင်းတို့ကို ကောင်းညှင်းမှုန့် ၊ ဆန်မှုန့်တို့နှင့် ရောနယ်ပါ ။
  6. ခရမ်းချဉ်သီးတွေကိုလည်း ပေါင်းထည့်ပြီး ငါးအသားလွှာ (သို့) ပုစွန်များ ရောထည့်ကာ သမအောင် မွှေပေးပါ ။
  7. ဆီသုတ်ထားသော ငှက်ပျောဖက်များကို ကတော့ပုံထိုးပြီး ငါးအသားလွှာ (သို့) ပုစွန်အပါအ၀င် အရောကို ၂ ဇွန်းစာခန့် ထည့်ပြီး ဖက်ကိုခေါက်ချိုးကာ သွားကြားထိုးတံလေးဖြင့် သီပိတ်ပါ ။
  8. အငွေ.ကောင်းစွာရသော ပေါင်းအိုးမှာ (၁၅) မိနစ်မှ (၂၀) မိနစ်ခန့် အထိ ပေါင်းပြီး ကြက်သွန်ဖြူဆီချက် ၊ ငရုတ်သီးဆီချက် ၊ ဂျူးမြစ်အစိမ်းတို့နှင့် တွဲဖက်သုံးဆောင်ပါ ။
Credit: ဟင်းချက်နည်းမျာ

Review

User Rating

3.2 (19 Votes)