ငါးချဉ်ပေါင် ရေချိုချက်


Share this on:

နွေရာသီ ရောက်ပြီဆိုတော့ ဆီပြန်ဟင်းတွေ မစားချင် ဟင်းချက်ဖို့လည်း အချိန်မပေးနိုင်သူတွေအတွက် လွယ်ကူ မြန်ဆန် ကျန်းမာရေးနဲ့လည်းညီတဲ့ ဟင်းတခွက်လာပို့ပါတယ်။

ပါဝင်ပစ္စည်းများ

  • ငါးကြင်း - ၃၀ သား
  • ဆား - အနည်းငယ်
  • ဆနွင်း - အနည်းငယ်
  • ငံပြာရည် - အနည်းငယ်
  • ရေ - တစ်လီတာ ခွဲ
  • ဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  • ကြက်သွန်နီဥကြီး - ၁ လုံး
  • ခရမ်းချဉ် သီး - ၁ လုံး
  • ကြက်သွန်ဖြူ အမွှာကြီး - ၃မွှာ
  • ချဉ်ပေါင်ရွက် - လက်တဆုပ်လောက
  • နံနံပင် ပင်စိမ်း ရှမ်းနံနံ (ရှိတာ တမျိုးထည့်ပါ။ ကေကတော့ ၃မျိုးလုံးထည့်ပါတယ်)
  • ငရုတ်သီးစိမ်း - အနည်းငယ်
  • ငပိစိမ်းစား - အနည်းငယ်

ပြုလုပ်ပုံ

  1. ငါးကြင်း လတ်လတ်ဆတ်ဆတ် ၃၀သားကို လိုသလိုခုတ် ရေဆေး ဆား ဆနွင်း ငံပြာရည်နှယ်ပြီး ခဏ နှပ်ထားပါ။
  2. ရေနွေးဆူဆူ (တစ်လီတာ ခွဲလောက် )ထဲကို ဆီ ထမင်းစားဇွန်း တစ်ဇွန်း ထည့် ကြက်သွန်နီဥကြီးတလုံး ခရမ်းချဉ် တလုံး ကို ခပ်ကြမ်းကြမ်းလှီးထည့် ကြက်သွန်ဖြူ အမွှာကြီး၃မွှာကို ဓါးပြားရိုက်ထည့် စိမ်းစားငါးပိ လက်ဖက်စားဇွန်းတဇွန်း ဆားလက်ဖက်စားဇွန်းတဇွန်းထည့် ဆနွင်းမှုန့်နည်းနည်းထည့်ပြီး ပြန်ဆူအောင်တည်ပါ ။
  3. ဆူလာရင် အရသာနှယ်ထားတဲ့ ငါးများထည့်ပါ။ဆယ်မိနစ်လောက်တည်ပြီးရင် ချဉ်ပေါင်ရွက် လက်တဆုပ်လောက်ရေဆေးထည့်ပြီး ၅မိနစ်လောက်ထားပါ။အရသာလိုရင် ငံပြာရည်ထည့်ပါ။
  4. အရသာစိတ်ကြိုက်ဖြစ်ရင် နံနံပင် ပင်စိမ်း ရှမ်းနံနံ(ရှိတာ တမျိုးထည့်ပါ။ ကေကတော့ ၃မျိုးလုံးထည့်ပါတယ်) ငရုတ်သီးစိမ်း များထည့်ပြီး သုံးဆောင်လို့ရပါပြီ။ နာရီဝက်နဲ့ဟင်းတအိုးကျက်ပါတယ်ရှင်။ ငရုတ်သီးဆားထောင်း ငါးပိထောင်း တို့နဲ့အလွန်လိုက်ဖက်ပါတယ်။
Credit: Nan Kay Zin Oo

Review

User Rating

1.5 (2 Votes)

author-avatar

Recipes sent by our Users