ငါးဆီဖောင်းဆိုတာ ငါးရဲ့ အူတွေနဲ့ အတူ ငါးသည်တွေ အမြဲ ထုတ်ပစ်တတ်တဲ့ ပူဆီဖောင်းလို အဖြူရောင် အရာလေးပါ။ ငါးဆီဖောင်းကို သီးသန့်ရောင်းတဲ့ အခါ ကျွန်မကတော့ သိပ်ပျော်ပါတယ်။ ၁၀ကျပ်သားလောက် ဝယ်ပြီး အိမ်မှာ ရေနွေးလေးနဲ့ အနည်းငယ် ပြန်ပြုတ်ပြီး သုပ်စားရင် အင်မတန် ထမင်းမြိန်စေမယ့် ဟင်းတစ်ခွက်ရပါတယ်။ ညှီနံ့နံတာမျိုးတွေ မရှိပါဘူး။

ငါးဆီဖောင်းသုပ်ဖို့ အတွက် လိုအပ်တာတွေကတော့

  •  ငါးဆီဖောင်း
  • ကြက်သွန်နီ ဆီချက်
  • ပဲမှုန့်
  • ငါးငံပြာရည်
  • သံပုရာသီး တစ်လုံး

ရှောက်ရွက်ရဲ့ အသုံးဝင်ပုံ

  • ရှောက်ရွက် အနည်းငယ်
  • ကြက်သွန်နီ တစ်လုံး
  • ငရုတ်သီးစိမ်း
  • ဟင်းခတ်မှုန့် အနည်းငယ်

ပြင်ဆင်ပုံ

အရင်ဆုံး ဈေးကနေ ဝယ်လာတဲ့ ငါးဆီဖောင်းကို ရေဆေးပြီး ခဏလေး ပြန်ပြုတ်ပေးပါ။ ရေတွေကို ခမ်းအောင် မထားဘဲ ဆူလာပြီဆိုရင်တော့ သွန်ပစ်ပါ။ ငါးဆီဖောင်းကို ကတ်ကြေးနဲ့ ညှပ်ထားပါ။ ကြက်သွန်နီ တစ်လုံး ပါးပါးလှီးထားပါ။ ကြက်သွန်နီဆီချက် ချက်ထားပါ။

်fish salad

ပြုလုပ်ပုံ

ငါးဆီဖောင်းတွေနဲ့ ပါဝင်ပစ္စည်းတွေကို ရောသုပ်ပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပြီး ထည့်ပါ။ အနံ့မွှေးအောင် ရှောက်ရွက်လေးကို ရိတ်ရိတ်လေး လှီးပြီး ထည့်ပါ။ အပေါ်ကနေ လှသွားအောင် နံနံပင်လေး ထည့်ပြီး အလှဆင်ပါ။ သူနဲ့ လိုက်ဖက်အောင် ကြာရိုးဟင်းခါး ဒါမှမဟုတ် ဘူးသီးဟင်းခါးလေး ချက်ပြီး တွဲစားပါ။