ပါဝင်ပစ္စည်းများ

  • ငါးနှပ် (၂၀)သား
  • မရမ်းပြားခြောက် (အနည်းငယ်)
  • ငရုပ်သီးစိမ်း (အနည်းငယ်)
  • စပါးလင် တစ်ပင်
  • စိမ်းစားငပိ
  • ကြက်သွန်နီ (၂)လုံး
  • အချိုမှုန့်
  • ဆား၊ နနွင်းမှုန့် အနည်းငယ်စီ

ပြင်ဆင်ပြုလုပ်နည်း

၁။ ပထမဦးစွာ ငါးနှပ်ကို ရေစင်အောင်ဆေးပါ ။ နောက် နှစ်ပိုင်းပိုင်းပါ ။ ဇလုံထဲကို ထည့်ထားပါ(နောက်ဆုံးမှ ဟင်းအိုးထဲထည့်ရန်)။

၂။ ဟင်းအိုးထဲသို့ ရေမတ်ခွက်လေးခွက်စာထည့်ပါ ။ ကြက်သွန်နီကို ပါးပါးလှီးထည့်ပါ ။ ငရုပ်သီးစိမ်းကို လေးစိပ်ကွဲထောင်းထည့်ပါ ။

၃။ မရမ်းပြားခြောက် ၅-၆ ပြားလောက်ထည့်ပါ ။ ဆား ၊ ချိုမှုန့်၊ နနွင်းမှုန့်အနည်းငယ်စီထည့်ပါ ။ ငပိစိမ်းစား လက်တစ်ဆစ် လောက်ထည့်ပါ။ စပါးလင်ကို

၄။ ရေစင်အောင်ဆေးပြီး အထုံးကလေးပြုလုပ်ပြီး အိုးထဲတွင်ထည့်ပါ(ထုပြီး အချောင်းလိုက်လဲ ထည့်နိုင်)။

၅။ ဟင်းချိုအိုးကို ဆူအောင်တည်ပါ ။ ရေပွက်ပွက်ဆူပါက ငါးကို ထည့်ပါ ။ နောက် အပေါ့အငန်မြည်းပါ ။ နံနံပင်(သို့မဟုတ်)ပင်စိမ်းရွက် ကြိုက်က ထည့်နိုင်ပါသည် ။ ငါးနှပ်က ကြေလွယ်သည့်အတွက် ၅မိနစ်ဆိုရင် ရပါပြီ ။ ချဉ်ချဉ်စပ်စပ်နှင့် အရသာရှိသော ငါးနှပ်ဟင်းတခွက် သုံးဆောင်နိုင်ပါပြီ။

Credit : Original post