ငါး - Fish | ဟင်းရည် - Soups | ဟင်းသီးဟင်းရွက် - Vegetables

ဆေးဖက်ဝင် မယ်ဇလီဖူး ဟင်းချို

August 6, 2016

ဆေးဖက်ဝင် မယ်ဇလီဖူး ဟင်းချို

Share this on:

မိုးအေးအေးနဲ့ ဆေးဖက်ဝင် မယ်ဇလီဖူး ဟင်းချို သောက်ကြဦးမလား ။

ပါဝင်ပစ္စည်းများ

  • မယ်ဇလီဖူး - ၂ စီး
  • ကြက်သွန်နီ - ၂ ဥ
  • ငါးခူ - ၂ ကောင်
  • ဟင်းခတ်မှုန့် - အနည်းငယ်

ပြုလုပ်နည်း

  1. မယ်ဇလီဖူး ၂ စည်းလုံးကို ရေသန့်စင်အောင် ဆေးပြီး ရေနဲ့ ပြုတ်ထားပါ ။
  2. အခါး ကြောက်ရင် ပထမရေကို သွန်ပြီး နောက်တစ်ရေ ထပ်ပြုတ်ပါ ။
  3. မဲဇလီဖူး ပြုတ်ပြီးသားကို အဖူးလေးတွေခြွေ ပြီးရင် အနည်းငယ်ခြေပါ ။
  4. ငါးခူကိုလည်း ငံပြာရည်လေးနဲ့ ပြုတ်ပါ ။ ငါးခူကျက်ရင် ငါးခူကို အသားနွှင်ပါ ။
  5. ငါးပြုတ်ရေ ဆူလာလျှင် ချေထားသော မယ်ဇလီဖူး များကိုထည့်ပါ ။ ငါးခူ အသားနွှင်ထားတာ ထည့်ပါ ။
  6. ကြက်သွန်နီ ၂ လုံးကို လေးစိပ်စိပ်ပြီး အဖတ်လိုက် လေးတွေ အိုးထဲထည့်ပါ ။ ဟင်းခတ်မှုန့်ထည့် အပေါ့အငန် မြည်းပြီး အိုးချလို့ ရပါပြီ ။
  7. အရသာက ခါးစိမ့် ချိုမွှေးလေးမို့ ဆေးဖက်လည်းဝင် ကျန်းမာရေး အတွက်လည်း အထူး ကောင်းမွန်ပါတယ် ။
** ကျမဖေဖေ ငယ်ငယ်က မကြာခဏ ချက်ကျွေးတဲ့ ဟင်းတွေထဲက တစ်မျိုးပါ ။ အရသာ ရှိတဲ့ဟင်းတွေ ချက်ကျွေးခဲ့တဲ့ ဖေဖေ့ကို အောက်မေ့သတိရ ကျေးဇူးတင်လျှက်ပါ ။

Credit: Zin Mar

Review

User Rating

4.5 (2 Votes)