အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ အစားအသောက်ပိုင်းဆိုင်ရာ ဓာတ်ပုံဆရာမ Beth Galton က Food Stylist Charlotte Omnes နဲ့အတူ တခြားသူတွေ မရိုက်ဖူးတဲ့ အစားအသောက်ရှုထောင့်တစ်မျိုးကနေ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ခေါက်ဆွဲပြုတ်တို့ ကော်ဖီတစ်ခွက်တို့ကိုတောင် အလယ်ကခြမ်းရင် ဘယ်လိုပုံစံဖြစ်မလဲဆိုတာကို စမ်းသပ်ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ဓာတ်ပုံဆရာမ Galton က ဒစ်ဂျစ်တယ်နည်းပညာဖြင့် ဓာတ်ပုံတွေအများကြီးဆက်တိုက်ရိုက်ပြီးမှ တစ်ခုတည်း ပေါင်းခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံဆရာမ Beth Galton က Hiram ကောလိပ်ကနေ စတူဒီယို အနုပညာနဲ့ ကျောင်းပြီးခဲ့ပါတယ်။

သူ့ရဲ့ အစားအသောက်ကိုတခြမ်းဖြတ်ရိုက်ထားတဲ့ ဓာတ်ပုံက နာမည်ကြီးသွားပြီး ဓာတ်ပုံစာအုပ်တွေနဲ့ဟင်းချက်စာအုပ်တော်တော်များများမှာ ဖော်ပြခြင်းခံခဲ့ရပါတယ်။