မင်္ဂလာပါနော်။ အစားအစာတွေမှာ သက်တမ်းကုန်ဆုံးရက်တွေရှိကြပါတယ်။ ဒါပေမယ့် ဒီတခါမျှဝေပေးမှကြတော့ သက်တမ်းကုန်ဆုံးရက်မရှိတဲ့ အစားအစာတွေကိုမျှဝေပေးမှာဖြစ်ပါတယ်။

၁။ ဆန်

ဆန်ကို အပူချိန် ၄.၅°C နဲ့ အောက်ကိုထားပေးတာ အကောင်းဆုံးပါ။ ဒါ့အပြင် ပလတ်စတစ်ဘူးထဲထည့်ထားရင် ပိုပြီးကောင်းပါတယ်။ အဲဒီလိုနည်းမှန်လမ်းမှန်နဲ့ထားရင် နှစ်ပေါင်း ၃၀ အထိ ဆန်ဟာ သက်တမ်းရှိပြီး အာဟာရဓာတ်လည်းမပျယ်တဲ့အကြောင့် လေ့လာတွေ့ရှိမှုတစ်ခုက ဆိုထားပါတယ်။

၂။ ပဲငံပြာရည်

ပဲငံပြာရည်ဟာ ဘူးဖွင့်ပြီး အနည်းဆုံး (၃) နှစ်အထားခံပါတယ်။ ဘူးပိတ်ထားမယ်ဆိုရင်တော့ အဲဒီထက်ပိုခံပါတယ်တဲ့။

၃။ Kidney Bean

အခြောက်ထားထားတဲ့ Kidney Bean က နှစ်ပေါင်း ၃၀ အထိ အထားခံပါတယ်။

၄။ ဆား

ဆားကလည်းအထားခံပါတယ်။ အိုင်အိုဒင်းဆားဆိုရင်တော့ တစ်နှစ်လောက်အထားခံပါတယ်လို့ Brightside မှာဖော်ပြထားပါတယ်။

၅။ အရက်ပြင်းပြင်းများ

ဝီစကီတို့လို အရက်ပြင်းပြင်းတွေဟာ သက်တမ်းကုန်ဆုံးရက်မရှိပါဘူး။ ဒါပေမယ့် အေးတဲ့နေရာမှာ သိုလှောင်ထားသင့်ပါတယ်။

၆။ ရှာလကာရည်

ရှာလကာရည်ကလည်း သက်တမ်းကုန်ဆုံးရက်မရှိပါဘူး။ ဒါပေမယ့် သင့်တော်တဲ့ အပူချိန်နေရာမှာ ထားသင့်ပါတယ်။

၇။ သကြား

ဆားလိုပဲ သကြားကလည်း တာရှည်အထားခံပါတယ်။ လေလုံတဲ့နေရာမှာသိမ်းထားပါ။

၈။ ပျားရည်

ပျားရည်ကလည်း သက်တမ်းကုန်ဆုံးရက်မရှိပါဘူး။ နှစ်ပေါင်း ၂၀၀၀ – ၃၀၀၀ သက်တမ်းရှိတဲ့ ပျားရည်တွေတောင် အီဂျစ်နိုင်ငံမှာ ရှာတွေ့ကြပါတယ်။ ဂျော်ဂျီယာပြည်နယ်မှာလည်း နှစ်ပေါင်း ၅၅၀၀ သက်တမ်းရှိ ပျားရည်ကို ရှာဖွေတွေ့ရှိခဲ့ကြပါသေးတယ်။