အစားအစာတွေကို လွှင့်ပစ်ရတဲ့ အချိန်လောက် နှမြောစရာကောင်းတာ မရှိတော့ပါဘူး။ ဗိုက်ထဲရောက်သွားရင် ဘယ်လောက် ကုန်ကုန် မနှမြောတတ်ပေမယ့် လွှင့်ပစ်လိုက်ရရင်တော့ နှမြောကြတာတွေချည်းပါ။

ပိုက်ဆံချွေတာရာလည်း ရောက်စေပြီး အလေအလွင့် နည်းစေဖို့အတွက် အစားအစာတွေကို ဘယ်လိုသိမ်းရမလဲ ဆိုတာလေးကို MyFood Myanmar ချစ်သူတွေကို မျှဝေချင်ပါတယ်။

၁။ အသုံးပြုရလွယ်တဲ့ ဘူးတွေကို သုံးပါ

food-storage-tips_can

အစားအစာ အတော်များများဟာ နဂို ထုတ်ပိုးမှုတွေနဲ့ ကြာရှည်ထားရင် မကောင်းတော့တာများပါတယ်။ မလတ်မဆတ်ဖြစ်ပြီး ပစ်လိုက်ရတာ များပါတယ်။ ဈေးသက်သာပြီး ပေါ့ပါးတဲ့ ပလပ်စတစ်ဘူး ဒါမှမဟုတ် ဖန်ဘူးတွေကို အစားထိုးပြီး သိမ်းဆည်းပါ။

၂။ အစားအစာတွေကို အခြောက်ခံ သိမ်းဆည်းပါ

food-storage-tips_freeze

ရာသီစာ အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ လတ်ဆတ်ပြီး ဈေးသက်သာစွာ ရနိုင်ပါတယ်။ ဒါတွေကို အခြောက်ခံ သိမ်းထားမယ်ဆိုရင် ရှားပါးတဲ့ အချိန်တွေမှာ ဈေးကြီးပေး ဝယ်စားစရာ မလိုတော့ပါဘူး။ အနောက်နိုင်ငံမှာတော့ အအေးခန်းထဲမှာ အအေးခံထားကြပါတယ်။

မြန်မာပြည်မှာတော့ အခြောက်လှမ်းကြတာပါ။ ရှေးလူကြီးတွေဆိုရင် မရမ်းသီး၊ သရက်သီး၊ ဘူးသီး၊ ပန်းဂေါ်ဖီပွင့် တို့ကိုလည်း လှီးပြီး အခြောက်ခံ သိမ်းတတ်ကြပါတယ်။ အခြား အရွက်၊ အပွင့်တွေကိုလည်း ထိုနည်း၎င်း သိမ်းကြပါတယ်။

၃။ အခြောက်ခံပြီးသား ပဲတွေကို ဝယ်ထားပါ

food-storage-tips_bean

မြန်မာပြည်မှာတော့ ပဲတွေကို ဝယ်ထားတတ်ကြပါတယ်။ ပုလင်းတွေ အိုးတွေနဲ့ သိမ်းကြပါတယ်။ အလွယ်တကူ စားနိုင်ပြီး ဈေးပေါချိန်တွေမှာ ဝယ်ထားကြပါတယ်။ အများဝယ်ပြီး သိမ်းတဲ့အခါ လက်လီစိပ် ဝယ်တာထက် ပိုများများ ရပါတယ်။

၄။ ထောပတ်တွေကို ရေခဲသေတ္တာထဲ မသိမ်းပါနဲ့

storage-butter

အမေရိကန် အများစုဟာ ထောပတ်တွေကို ရေခဲသေတ္တာထဲ မသိမ်းဘဲ မီးဖိုချောင်မှာပဲ သိမ်းတတ်ကြပါတယ်။ အခန်းအပူချိန်မှာ ထောပတ်ဟာ ပိုပြီး ကြာရှည်ခံပါတယ်။ စားသုံးတဲ့အခါလည်း လွယ်ကူစေပါတယ်။ ထောပတ်တွေ ခြောက်သွားလို့ ခွာမရတဲ့ အခါ လွှင့်ပစ်လိုက်ရတာတွေ ကြုံဖူးမှာပါ။

၅။ မီးဖိုထဲက ဗီဒိုကို ရှင်းလင်းစွာ ထားပါ

storage-board

ဆိုလိုတာကတော့ သပ်သပ်ရပ်ရပ် ထားဖို့ပါပဲ။ ဘာကြောင့်လဲဆိုရင် ဘယ်ပစ္စည်းတွေက အမြန် စားရမယ့် အစားအစာတွေလဲ ဘယ်ဟာတွေက ဒိတ်ကြာနေပြီလဲသိအောင် အစားအစာနဲ့ ဘူးတွေကို သပ်သပ်ရပ်ရပ် စီထားပါ။

၆။ ဟင်းကျန်တွေကို အအေးခံထားပါ။

storage-freeze

ဟင်းတွေကျန်တဲ့အခါ နောက်နေ့ မကောင်းနိုင်ဘူးဆိုပြီး လွှင့်မပစ်ပါနဲ့။ အအေးခန်းထဲမှာ သိမ်းထားပါ။ ဘူးတွေနဲ့ ထည့်ပြီး သိမ်းလည်းရပါတယ်။ စားမယ့်နေ့ကျမှ ထုတ်ပြီး ပြန်နွှေးစားပါ။

၇။ ဟင်းခတ်အမွှေးအကြိုင်တွေကို နေရောင်နဲ့ဝေးဝေးထားပါ။

storage-spiece

နေရောင်နဲ့ အပူတွေရဲ့ အဝေးမှာ ဟင်းခတ်အမွှေးအကြိုင်တွေကို ထားပါ။ မီးဖိုတွေနား မထားပါနဲ့။ အနံ့ပယ်သွားပြီး အာနိသင်တွေ နည်းသွားတတ်ပါတယ်။

၈။ အစိမ်းရောင် အသီးအရွက်တွေကို စက္ကူနဲ့ထုပ်သိမ်းပါ။

storage-green

အစိမ်းရောင်တွေဟာ တာရှည်ခံဖို့ သိမ်းရတာ ခက်ခဲပါတယ်။ ဒါကြောင့် မူလဓာတ်တွေလည်း မပြယ်အောင် Paper Towels လေးတွေ နဲ့ ထုပ်ပိုးပြီး သိမ်းပါ။

၉။ အာလူးကို ပန်းသီးနဲ့ အတူတူထားပါ။

storage-apple

အာလူးတွေ အညှောင့်တွေ ထွက်လာလို့ လွှင့်ပစ်လိုက်ရတာတွေ ရှိတတ်ပါတယ်။ အဲ့လိုတွေ မဖြစ်အောင် ပန်းသီးနဲ့ အတူတူ ရောထားပါ။ ပန်းသီးမှာပါတဲ့ ဓာတ်ကြောင့် အာလူးတွေ အညှောင့်မထွက်တော့ပါဘူး။

၁၀။ ငှက်ပျောသီးကို အခြားအသီးတွေနဲ့ အတူတူ မထားပါနဲ့။

storage-banana

ငှက်ပျောသီးကို သိမ်းတဲ့အခါ သူ့တစ်မျိုးတည်း သီးခြား ထားပါ။ အခြား အသီးအနှံတွေနဲ့ ထားတဲ့အခါ ပိုပြီး မှည့်လွယ်ပါတယ်။

Source: msn