နာဆာ (NASA) အဆင့်မြင့် အစားအစာ နည်းပညာ ပရောဂျက်က အာကာသထဲမှာရှိနေတဲ့ အာကာသယာဉ်မှူးတွေနဲ့ ပညာရှင်တွေအတွက် အာဟာရလည်းပြည့်၊ လုံခြုံ စိတ်ချရပြီး ကမ္ဘာ့ဆွဲငင်အား မရှိတဲ့နေရာမှာ စားသောက်နိုင်အောင် အမြဲ တီထွင်ထုတ်လုပ်နေရပါတယ်။

လွန်ခဲ့တဲ့ နှစ်၅၀ကနေ ယနေ့အထိ အစားအသောက်အတွက်ထုတ်လုပ်တဲ့နည်းပညာတွေတဖြည်းဖြည်း ပြောင်းလဲလာခဲ့ပါတယ်။

တစ်ဖက်က အာကာသခရီးစဉ်တွေအတွက် တီထွင်ကြံဆနေရသလို အစားအစာထောက်ပံ့ရေးပိုင်းကလည်း အမြဲစမ်းသပ်တီထွင်နေရပါတယ်။

စမ်းသပ်တီထွင်မှုတွေကြောင့် အပိုလို အာကာသယာဉ်မှူးတွေ သွားတဲ့အချိန်မှာ ရေနွေးပူပူနဲ့ ရေဓာတ်ဖြည့်တင်းနိုင်တဲ့ အစားအစာတွေနဲ့ အရသာရှိတဲ့ အစားအစာတွေကို သယ်ဆောင်သွားနိုင်ပါတယ်။

အဲ့နောက်ပိုင်းမှာ Skylab Station ကိုတီထွင်နိုင်ခဲ့ပါတယ်။ အဲ့ဒီ Station မှာ ရေခဲသေတ္တာတွေ၊ အသားငါးခဲတဲ့ Freezer စနစ်တွေပါဝင်ပါတယ်။ အဲ့ဒီအချိန်မှာ ထိုင်ခုံတွေစားပွဲတွေတောင် ထားနိုင်လာပါတယ်။

အခုတော့ နိုင်ငံတကာ အာကာသစခန်းမှာ စားနပ်ရိက္ခာတွေက ကမ္ဘာကနေ ၇ရက်ကြားတစ်ခါ ရောက်ရှိနေပါပြီ။

အာကာသယာဉ်မှူး Sandra Magnus ဆိုရင် သူနဲ့ သူ့အဖွဲ့သားတွေအတွက် နိုင်ငံတကာ အာကာသစခန်းမှာကိုယ်တိုင်ချက်ပြုတ်လေ့ရှိပါတယ်။