မြန်မာလူမျိုးတွေက အစပ်ပါမှ ထမင်းစားမြိန်ကြတာများပါတယ်။ ဒါပေမယ့် ကိုယ်နဲ့ အရမ်းစပ်သွားရင်တော့ စားလို့ အဆင်မပြေတော့ပါဘူး။

ဒါကြောင့် အရမ်း အစပ်များသွားတဲ့ ဟင်းလျာတွေကို ပြန်လည်ပြုပြင်လို့ရတဲ့ နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

ဘာကြောင့် အစားအစာတွေစပ်တာလဲ

chili-pepper-red-spicy-drying-39390

အစားအစာတွေဟာ Capsaicin ဆိုတဲ့ ဓာတ်ကြောင့် စပ်တာဖြစ်ပြီး အဲ့ဒီဓာတ်က ငရုတ်သီးတွေမှာ အများဆုံးပါဝင်ကြပါတယ်။ အရမ်းစပ်တယ်ဆိုတာက ငရုတ်သီးမှာပါဝင်တဲ့ capsaicin ဓာတ်ပါဝင်မှုများတာနဲ့ ကိုယ့်လျှာက capsaicin ဆိုတဲ့ ဓာတ်ကိုခံနိုင်မှု ပမာဏအပေါ်လည်း မူတည်ပါတယ်။

ရေထပ်ရောလိုက်ပါ

5

အရမ်းပူပြီး စပ်နေတဲ့ အစားအစာကို ပြန်ပြင်ချင်ရင် မီးပူပူပေးပြီး ရေထပ်ရောလိုက်ပါ။ ဒါဆိုရင် စပ်တာတွေ ပူတာတွေ သက်သာသွားပါလိမ့်မယ်။

နွားနို့ထည့်ပါ

look-better-naked-milk

အရမ်းစပ်ပြီး ပူနေရင် နွားနို့ထည့်လိုက်ပါ။ နွားနို့ တစ်ခွက်မှာပါတဲ့ ပရိုတင်းဓာတ်က စပ်တဲ့အရသာကို ဖြစ်စေတဲ့ Capsaicin ဓာတ်ရဲ့ မော်လီကျူးတွေကို ဖယ်ရှားပေးကာ အပူအစပ်တွေကို လျှော့စေပါတယ်။

ချိုတဲ့ အရသာတွေထည့်ပါ

Sugar

သကြားထည့်ရင်လည်း စပ်တဲ့ဟင်းလျာတွေကို အစပ်လျော့စေပါတယ်။ သကြားမထည့်ချင်ရင်လည်း သဘာဝအချိုဓာတ်တွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ ပျားရည်တို့ကိုလည်း ဟင်းလျာအပေါ်မူတည်ပြီးထည့်ရင် အစပ်လျော့စေပါတယ်။

သံပုရာသီး

Lemon

အက်ဆစ်ဓာတ်ကလည်း စပ်တဲ့ Capsaicin ဓာတ်ကိုလျော့နည်းအောင် ပြုလုပ်ပေးပါတယ်။ ဒါကြောင့် အရမ်းစပ်နေရင် သံပုရာသီး ညှစ်ထည့်တာတို့ ရှာလကာရည်ထည့်တာတို့ ပြုလုပ်ပေးနိုင်ပါတယ်။