ဝိတ်ကျချင်တဲ့သူတွေအတွက် အရေးကြီးဆုံးကတော့ ကိုယ်အလေးချိန်ပဲဖြစ်ပါတယ်။ ကိုယ်အလေးချိန်ကို မတက်သွားအောင် ထိန်းထားချင်တဲ့သူတွေ၊ ပိန်ချင်တဲ့သူတွေတော်တော်များများက လေ့ကျင့်ခန်းတွေ လုပ်ပေးဖို့လိုအပ်တဲ့အပြင် ကယ်လိုရီကိုလည်းတွက်ပြီးတော့ စားပေးမှအဆင်ပြေမှာပါ။

ဒီစာကိုဖတ်ပြီးတဲ့အချိန်ကနေ စပြီးပြောင်းလဲစားသောက်မယ်ဆိုရင်လည်း မနောက်ကျသေးပါဘူးနော်။

ရွှေဖရုံသီး

ရွှေဖရုံသီးကလည်း ကယ်လိုရီအနည်းငယ်ပဲပါဝင်ပြီး သေချာပြင်ဆင်ပြီးစားသုံးပေးမယ်ဆိုရင်လည်း ပြည့်ဝစေပြီး ကိုယ်အလေးချိန်မတက်တဲ့အတွက်ကြောင့် စားပေးလို့သင့်တော်တဲ့ အစားစာပါနော်။

ကန်စွန်းဥ

ဝိတ်ချနေတဲ့အချိန်မှာ ဗိုက်ဆာလာရင်ဘာစားရမလဲဆိုတာကို စဉ်းစားရတာကတော်တော်လေးကို ဒုက္ခရောက်တဲ့ကိစ္စတစ်ခုပါပဲ။ ငယ်ငယ်ထဲက ကြိုက်ရတဲ့ကန်းစွန်းဥက ကယ်လိုရီလည်းနည်းနည်းပါနေတာဆိုတော့ ကျေနပ်စရာပဲလေ။

ခရမ်းချဉ်သီး

တစ်ချို့တွေက ခရမ်းချဉ်သီးကို ဟင်းချက်တဲ့နေရာနဲ့ မျက်နှာပေါင်းတင်တဲ့နေရာတွေမှာပဲ အသုံးပြုကြတာများပါတယ်။ ခရမ်းချဉ်သီးက အရည်ရွှမ်းတဲ့အသီးအနှံဖြစ်ပြီး ကယ်လိုရီပါဝင်မှုလည်း နည်းတယ်ဆိုတော့ ဝိတ်ချနေတဲ့သူတွေ စားပေးဖို့သင့်တော်ပြီး အသားအရေကိုလည်း ထိန်းသိမ်းပေးနိုင်မှာပဲဖြစ်ပါတယ်။

ပြောင်းဖူး

ပြောင်းဖူးမှာ ကယ်လိုရီ ၆၀ လောက်ပဲပါဝင်နေတာဖြစ်တဲ့အတွက်ကြောင့် စားပေးလို့ရပါတယ်နော်။ ချိုတဲ့အရသာလေးကြောင့် စားပေးဖို့အဆင်ပြေပြီး ဝိတ်လျော့နေတဲ့အချိန်တွေမှာ အစားအသောက်အဆင်မပြေတာမျိုးတွေလည်း မဖြစ်စေတော့ဘူးပေါ့။

Photo Source: Pexels