ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ကျန်းမာစေတယ်ထင်ရပြီး ကျန်းမာရေးဆိုးဝါးစေတဲ့အစားအသောက် (၆) မျိုး

August 7, 2016

ကျန်းမာစေတယ်ထင်ရပြီး ကျန်းမာရေးဆိုးဝါးစေတဲ့အစားအသောက် (၆) မျိုး

Share this on:

သွားရေစာတော်တော်များကို Junk Food လို့ ခေါ်လေ့ရှိပါတယ်။ အဲဒီအစားအစာတွေမှာ သဘာဝနည်း
မဟုတ်တဲ့ ဓာတုဆေးတွေ ပါဝင်ပြီး ကျန်းမာရေးကို ဆိုးဝါးစေနိုင်ပါတယ်။ ကြော်ငြာတွေထဲမှာတော့
ဘေးဥပါဒ်ဖြစ်စေတဲ့ ဘာဓာတ် ညာဓာတ်တွေ မပါဝင်ပါဘူးလို့ အခိုင်အမာ ဘယ်လောက်ပဲ ပြောပြော
ဒီကုန်စည်တွေရဲ့ ထုတ်လုပ်မှုသဘာဝကိုက ဓာတုဆေးတွေကို လုံးဝကင်းလို့မရပါဘူး။ ဒီတော့ အဲဒီ
ကျန်းမာရေးကို ဆိုးဝါးစေတဲ့သွားရေစာ (6) မျိုးကို ဖော်ပြလိုက်ပါတယ်။

1. အချိုရည်အမျိုးမျိုး

အချိုရည်အမျိုးမျိုးမှာ အလွန်ုမြင့်မားတဲ့ သကြားဓာတ် ပါဝင်ပါတယ်။ အရောင်အနံကိုလည်း ဓာတုဆေး
တွေကိုသာ သုံးထားပြီး တကယ့်သစ်သီးသစ်ဥတွေနဲ့ ဖန်တီးထားရင်လည်း ကြာရှည်ခံ အထားခံဖို့အတွက်
လည်း ဓာတုဆေးကိုပဲ သုံးရပြန်ပါတယ်။

2. စွမ်းအင်/ပရိုတိန်းဓာတ်ပါဝင်သည်ဆိုသော အစားအစာများ

မြန်မာနိုင်ငံမှာတော့ ဝေဖာကဲ့သို့သော အစားအစာတွေဖြစ်ပါတယ်။ အဲဒီအစားအစာတွေဟာ စားပြီးတဲ့
အခါမှာ စွမ်းအင် ဖြစ်မဖြစ် မသေချာပေမယ့် ပရိုတိန်းဓာတ်ကတော့ အလွန်မြင့်မားစွာ ပါဝင်ပါတယ်။ ဒါ
ပေမယ့် ဓာတုဗေဒနဲ့အထူးပြုလုပ်ထားတဲ့ ပရိုတိန်းဓာတ်တွေသာ ပါဝင်မှုများပြီး တစ်ခါတရံ ပမာဏတွက်
ဆလို့မရတဲ့ ပမာဏအထိ ပါနိုင်ပါတယ်။

3. ခေါက်ဆွဲခြောက်များ

အမည်အမျိုးမျိုးနဲ့ ထုတ်လုပ်ထားတဲ့ ခေါက်ဆွဲခြောက်ထုပ်တွေဟာ ဈေးကွက်ထဲမှာ အရောင်းတွင်ကျယ်
လှပါတယ်။ အချို့ခေါက်ဆွဲခြောက်တွေထဲမှာ အချို့မှုန့်ပါဝင်မှု ပမာဏဟာ ကြောက်ခမန်းလိလိ များပြားလှ
ပြီး ကယ်လိုရီပါဝင်မှုကလည်း မှန်းဆလို့ မရနိုင်ပါဘူး။

4. အာလူးကြော်များ

စက်ရုံတစ်ခုက ထုတ်လုပ်ရောင်းချတဲ့ အာလူးကြော်ဟာ သာမန်အာလူးကြော်ထက် ကယ်လိုရီ သုံးဆခန့်
ပိုများပါတယ်။ အကြောင်းကတော့ အားလူးကြော် အထုတ်တစ်ထုတ်စာအတွက် ဆီအသစ် လဲလှယ်ခြင်း
မရှိဘဲ ဒယ်အိုးထဲမှာရှိတဲ့ဆီကို ထပ်ပြီးကြော်တဲ့နည်းကိုသာ သုံးလို့ဖြစ်ပါတယ်။

5. ဟင်းချက်ဆီအမျိုးမျိုး

မြေပဲဆီ၊ နှမ်းဆီ၊ သံလွင်ဆီ အမည်ခံ ဆီဘူးတွေမှာ မူလဖော်ပြထားတဲ့ သစ်စေ့နဲ့ ကြိတ်ထားတဲ့ ဆီပါဝင်မှု
ဟာ 60% ခန့်သာ ရှိပါတယ်။ အခြား 40 % ကတော့ အခြားဆီတစ်မျိုးမျိုး ရောနှောထားပါတယ်။ သဘာဝ
ဆီထက် ကိုလက်စထရောနဲ့ အဆီဓာတ်ပါဝင်မှုပမာဏဟာ သေချာစစ်ကြည့်ရင် သက်သေကောင်းတစ်ခု
ဖြစ်ပါလိမ့်မယ်။

6. ကစီဓာတ်မပါဝင်ဘူးဆိုသည့် အစားအစာများ

ပေါင်မုန့်တွေ၊ ခေါက်ဆွဲခြောက်တွေ၊ ဘီစကစ်တွေ-စတဲ့ ထုတ်ကုန်တွေမှာ အနောက်နိုင်ငံတွေမှာတော့ စား
သောက်ကုန် အသင်းတစ်သင်းက ကစီဓာတ်မပါဝင်ပါဘူးဆိုတဲ့ ထောက်ခံချက်ကိုပြပြီး ရောင်းချလေ့ရှိပါ
တယ်။ အမှန်တော့ အဲဒီအစားအသောက်တွေဟာ ကစီဓာတ်နဲ့ ကင်းလို့မရတဲ့ အစားအသောက်တွေဖြစ်ပြီး
စားသုံးသူကို မလှိမ့်တစ်ပတ်နဲ့ လိမ်လည်ရောင်းချခြင်းသာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့
အနောက်နိုင်ငံမှာ ပါဝင်ပစ္စည်းပမာဏကို တိစွာစစ်ဆေးပြီး ပုံနှိပ်ဖော်ပြရပါတယ်။ ရှောင်တခင် ၀င်စစ်လို့
သက်မှတ်ထားတဲ့ ပမာဏထက် ဆိုးဝါးအာဟာရဓာတ်တွေ ပိုပါနေရင် ချက်ချင်း သတင်းစာထဲမှာ ထည့်သွင်း
ပြီး စားသုံးရန်မသင့်သော ကုန်စည်များ-စာရင်းမှာ ဖော်ပြပြီး ဈေးကွက်အတွင်း ရောက်ရှိနေတဲ့ အလားတူ
ထုတ်ကုန်တွေ တစ်ခုမကျန် ထုတ်လုပ်တဲ့ကုမ္မဏီက ပြန်သိမ်းပေးရပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3 (6 Votes)