အစားအသောက်နဲ့ပတ်သက်ပြီး ကိုယ်စားနိုင်သလောက်ကို မညည်းမညူဘဲ လိုက်စားပေးနိုင်တဲ့ သူငယ်ချင်းတွေကလည်း တကယ့်BFF တွေပါပဲ။ အစားစားဖို့က အမြဲတမ်းအကြံကောင်းတစ်ခုဖြစ်ပြီး ကိုယ်ကြိုက်တဲ့အစားအသောက်စားနေရရင်ကို အမြဲပျော်ရွှင်နေတတ်တာပါ။ မနက်စာ၊ နေ့လည်စာစားဖို့ အချိန်သတ်မှတ်ထားခြင်းမရှိဘဲ ဗိုက်ဆာတဲ့အချိန် စားလိုက်ရမှဆိုသူတွေပါ။ဘယ်လိုအချိန်၊ ဘယ်လိုအခြေအနေဖြစ်နေပါစေ အစားစားပြီး စိတ်သက်သာအောင်လုပ်ကြမယ်ဆိုတဲ့ သူငယ်ချင်းတွေဟာလည်း သူငယ်ချင်းကောင်းတွေဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အောက်မှာဖော်ပြထားတဲ့အတိုင်းပါပဲ။

၁။ ဗိုက်ဆာတယ်ဆိုပြီးပြောတာကို နားလည်ပေးခြင်း

ဗိုက်ဆာတဲ့အချိန်မှာ ဗိုက်ဆာတယ်လို့ပြောလိုက်တဲ့အတွက် တောင်းပန်စရာမလိုပါဘူး။ ထို BFF က သင့်အပေါ်အပြည့်နားလည်ပြီးသားပါ။ စိတ်ရှုပ်၊ စိတ်တိုမယ့်အစား အနီးအနားက မုန့်တစ်ခုခုဝယ်ပေးခြင်း သို့မဟုတ် ကိုယ်စားချင်တဲ့စားသောက်ဆိုင်ကို လိုက်ပို့ပေးမှာပါ။

၂။ ဘယ်လောက်စားစား ဘာမှမပြောပါဘူး

ဘဝမှာ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေ ပြည့်နှက်နေပေမယ့်လည်း ဘာစားမလဲဆိုပြီး ရွေးဖို့ကတော့ ထိုဆုံးဖြတ်ချက်တွေထဲမှာ မပါသင့်ပါဘူးနော်။ သူငယ်ချင်းကြားမှာ ရှက်စရာမလိုဘဲ ကိုယ်စားချင်တာကို ကြိုက်သလိုမှာစားနိုင်ပါတယ်။

၃။ တစ်ခုခုဆို အမြဲအတူတူပဲ

နေရာအသစ်တွေ၊ အစားအသောက်အသစ်တွေကို သွားဖို့စားဖို့ဆို အမြဲအတူရှိနေတတ်ပါတယ်။ ကိုယ်ကြိုက်တဲ့အစားအစာလေးတွေစားရင်း စကားပြောရတာလောက် BFF နဲ့ ဆက်ဆံရေးကို ခိုင်မြဲစေတာမရှိပါဘူး။

၄။ အစားအသောက်မှာပါတဲ့ ကယ်လိုရီကို သိပ်ဂရုမစိုက်တတ်ဘူး

Foodie BFF တွေဆိုတာဟာ ကိုယ်အလေးချိန်ကို သိပ်ဂရုမစိုက်တတ်ကြပါဘူး။ စားလည်းအတူတူ ဝလည်းအတူတူပေါ့။

၅။ စားချင်တာစားပစ်တယ်

Menu မှာတွေ့သမျှကို စားပစ်ချင်တာဟာ Foodie BFF တွေရဲ့ သဘာဝပါပဲ။ ဘာစားလို့စားရမှန်း၊ ဘာရွေးလို့ရွေးရမှန်းမသိဖြစ်နေမယ့်အစား နှစ်ဦးသားပေါင်းပြီး အကုန်စားပစ်လိုက်တာပါပဲ။

 

၆။ ကိုယ့်အကြိုက်ကိုသိနေတယ်

ကိုယ့်အတွက် ပျော်စရာရှိချိန်၊ ဝမ်းနည်းစရာတွေရှိတဲ့အချိန်မှာ ကိုယ်ကြိုက်တတ်တဲ့အစားအစာလေးတွေနဲ့ နှစ်သိမ့်ပေးတတ်တာလည်း Foodie BFF လေးတွေပါပဲ။ ကိုယ့်ရဲ့အကြိုက်ဆုံးအစားအစာ၊ ကိုယ်စားနေကျစားသောက်ဆိုင်လေးတွေကိုပါ အမြဲသိထားကြပါတယ်။

၇။ အစားအသောက်တွေ့ရင် ဓာတ်ပုံအရင်ရိုက်ကြတယ်

ဘယ်အချိန်၊ ဘယ်နေရာမှာ သွားစားစား၊ မုန့်ရောက်လာတာနဲ့ မစားသေးဘဲ ဓာတ်ပုံအရင်ရိုက်တတ်ကြတာ အခုအချိန်မှာ လူငယ်တွေကြား ခေတ်စားနေပါတယ်နော်။