လတ်ဆတ်ပြီး သန့်ရှင်းတဲ့ အသီးအနှံတွေနဲ့ အစားအစာတွေဟာ လူတွေရဲ့ ကိုယ်စိတ်နှလုံး သုံးပါးလုံးကို ကျန်းမာစေပါတယ်။ Healthy Lifestyle ကို အစပြု ကြိုးစားဖို့ဆို အသီးအနှံတွေကနေ စတင်ရမှာပါ။ လူရဲ့ ကိုယ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းတွေ များပါတယ်။ ဒီထဲကမှ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ဟာ အရေးကြီးဆုံးပါ။ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ ချောမွေ့ပြီး ကျန်းမာနေစေဖို့ဆိုရင် ဘယ်လို အစားအစာတွေကို ရွေးပြီး စားသုံးရမလဲ
ဒါမှမဟုတ် ကိုယ်နေ့စဉ်နီးပါး စားသုံးနေတဲ့ အစားအစာထဲမှာ ဦးနှောက်ကို ကျန်းမာစေမယ့် အစားအစာတွေ ပါရဲ့လားဆိုတာ စူးစမ်းကြည့်ကြပါစို့။

အဓိကကတော့ ၅မျိုး ရှိပါတယ်။

ပန်းစိမ်း (Broccoli)

ပန်းပွင့်စိမ်းဟာ ကျန်းမာရေး အတွက် အထောက်အကူ အများကြီး ပြုတဲ့ အသီးအနှံပါ။ ကရိုလိုင်းတွေ မြင့်မားစွာ ပါဝင်ပြီး ဦးနှောက်ရဲ့ ဆဲလ်အသစ်တွေ ဖွံ့ဖြိုးဖို့ အကောင်းဆုံး ကူညီပေးနိုင်တဲ့ အစားအစာ တစ်မျိုးပါ။

မြေပဲကဲ့သို့ အစေ့အဆန်များ

အစေ့အဆန်တွေဟာ သရေစာအဖြစ် စားသုံးကြတာများပြီး ဦးနှောက်ရဲ့ စွမ်းအင်ကို တိုးပွားစေဖို့ ကူညီပါတယ်။ သဘာဝအရ ဗီတာမင်အီး ပါဝင်မှု များတာကြောင့် မှတ်ဉာဏ်စွမ်းအားတွေကိုသာမက ဦးနှောက်လုပ်ဆောင်ချက်တွေကိုပါ ကူညီပေးပါတယ်။

ဥများ

ကြက်ဥ၊ ဘဲဥနဲ့ ငုံးဥတွေဟာ လူတွေ အစားများပြီး ကျန်းမာစေတဲ့ အစားအစာတွေပါ။ ဦးနှောက်က အဓိက လိုအပ်တဲ့ Choline တွေ ပါဝင်နေတာကြောင့် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။

ငါး

ငါးကတော့ သက်ရှည်ကျန်းမာစေမယ့် အသားတစ်မျိုးပါ။ စိတ်ရဲ့ ကျန်းမာစေမှုနဲ့ ဦးနှောက် လုပ်ဆောင်ချက်တွေကို ဖွံ့ဖြိုးစေမယ့် အိုမီဂါ 3 ဖက်တီး အက်ဆစ်ဓာတ်ဟာ ငါးကနေ အဓိက ပေးပါတယ်။ မှတ်ဉာဏ်တွေ ပျောက်ဆုံးတာမျိုး လွယ်လွယ်ကူကူ မဖြစ်စေတဲ့ အပြင် အရွယ်မတိုင်ခင် အယ်ဇိုင်းမား ဖြစ်ပွားနှုန်းကိုလည်း လျော့ချပေးပါတယ်။

ဘယ်ရီသီးများ

ဘယ်ရီသီးလို့ ဆိုရာမှာ သူ့ရဲ့ မျိုးနွယ်ဝင်များဖြစ်တဲ့ စတော်ဘယ်ရီ၊ ဘလက်ဘယ်ရီ၊ ဘလူးဘယ်ရီတို့ အားလုံး ပါဝင်ပါတယ်။ သူတို့မှာ ဦးနှောက်အတွက် လိုအပ်တဲ့ Antioxidant တွေ လုံလောက်စွာ ပါဝင်တာကြောင့် ဦးနှောက် ကျန်းမာရေး အတွက် စိုးရိမ်နေစရာ မလိုစေမယ့် အစားအစာတွေပဲ ဖြစ်ပါတယ်။

Credit: zeenews