ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

မျက်လုံးကျန်းမာရေးအတွက် သဘာဝအစားအစာ (၆) မျိုး

August 6, 2016

မျက်လုံးကျန်းမာရေးအတွက် သဘာဝအစားအစာ (၆) မျိုး

Share this on:

အစာလည်းဆေး ဆေးလည်းအစာ-ဆိုတဲ့ စကားနဲ့အညီ ကျွန်တော်တို့ နေ့စဉ်စားသုံးတဲ့ အစားအစာတွေဟာ
ခန္ဓာကိုယ်အပေါ်မှာ တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိပါတယ်။ အရိုးအားနည်းရင် စားသင့်တဲ့ အစာတွေရှိသလို၊
သွေးအားနည်းရင် စားသင့်တာတွေလည်း ရှိပါတယ်။ အခု Shwemom ပရိသတ်ကြီးအတွက် မျက်လုံးကျန်းမာ
ရေးကို ကောင်းမွန်စေတဲ့ သဘာဝအသီးအရွက်(၆)မျိုး အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ခရမ်းချဉ်သီး

1

ခရမ်းချဉ်သီးမှာ ဗီတာမင် C,A,E,K နဲ့ အမျှင်ဓာတ်၊ ပိုတက်စီယမ် စတဲ့ဓာတ်တွေ အဓိကပါဝင်ပါတယ်။ မျက်လုံးအားနည်းတဲ့အခါမှာ ခရမ်းချဉ်သီးကို နေ့စဉ် သဘာဝအတိုင်း စားပေးခြင်းဖြင့် မျက်စိရောဂါမှန်သမျှကို ပျောက်ကင်းစေပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ ဗီတာမင် E နဲ့ C ဟာ မျက်လုံးအမြင်ကို ကြည်လင်စေနိုင်ပါတယ်။

(၂) ကိုက်လံရွက်

2

ဟင်းချက်အမယ်တစ်မျိုးဖြစ်တဲ့ ကိုက်လံရွက်မှာ Polyphenolic Flavonoid Compound လို့ခေါ်တဲ့ Lutein, Zea-Xanthin နဲ့ Beta-Carotene ဓာတ်တွေ ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် A,C,K တို့လည်း ပါဝင်လို့ မျက်လုံးအမြင်ကြည်လင်စေဖို့အတွက် စိတ်ချရတဲ့ သဘာဝဟင်းရွက် ဖြစ်ပါတယ်။

(၃) ဟင်းနုနွယ်ရွက်

3

နူးညံ့ပြီး အရသာထူးခြားလှတဲ့ ဟင်းနုနွယ်ရွက်ဟာလည်း လူတွေရဲ့ ကျန်းမာရေးနဲ့ အလွန်ညီညွှတ်တဲ့ ဟင်းရွက်ဖြစ်ပါတယ်။ ဗီတာမင် A,C,E,K ပါဝင်သလို၊ အမျှင်ဓာတ်၊ ပိုတက်စီယံ၊ မဂ္ဂနီစီယံဓာတ်တွေလည်း ပါဝင်ပြီး မျက်လုံးအမြင်အားနည်းသူများ နေ့စဉ်စားပေးသင့်တဲ့ အစားအစာဖြစ်ပါတယ်။

(၄) ကန်စွန်းရွက်

4

လူတိုင်း နှစ်သက်စွာစားသုံးနေကြတဲ့ ကန်စွန်းရွက်ဟာ မျက်လုံးရောဂါအားလုံးကို နိုင်နင်းပါတယ်။ ကန်စွန်းရွက်မှာ ရေဓာတ်, သံဓာတ်, vitamin C, A တို့ အဓိကပါဝင်ပါတယ်။ စာကြည့်များသူများ မျက်စိအမြင်အာရုံ စူးစိုက်ရသူများအတွက် သင့်တော်ပြီး အစိမ်းတိုင်းလည်း သတ္တုရည်လုပ် သောက်နိုင်ပါတယ်။

(၅) မြင်းခွာရွက်

5

မြင်းခွာရွက်အမျိုးအစားအားလုံးမှာ ဗီတာမင်အုပ်စုနဲ့ သတ္တုဓာတ်တွေ စုံလင်စွာပါဝင်ပါတယ်။ မျက်လုံးအမြင် ကြည်လင်စေလို့ ဆေးဖော်ပြီးရောင်းချတာမျိုးတွေလည်း ရှိပါတယ်။ အကောင်းဆုံးကတော့ မိမိဘာသာ ပျားရည်အနည်းငယ်နဲ့ ထောင်းပြီး မှီဝဲပေးရင် မျက်လုံးအကြည်ဓာတ်ကို တိုးတက်စေပါတယ်။

(၆) ပဲအမျိုးမျိုး

6

မြန်မာနိုင်ငံဟာ ပဲ အလွန်ပေါတဲ့နိုင်ငံဖြစ်ပါတယ်။ စားတော်ပဲ၊ မက်ပဲ၊ ကုလားပဲ၊ ပဲလုံးကြီး၊ ပဲကွမ်းသီး၊ ပဲကြီး၊ ဘီတူးပဲ၊ ဘီတွဲပဲ၊ ပဲတောင့်ရှည် စသဖြင့် အမျိုးအမည်စုံလှပါတယ်။ ပဲမှာ အဓိကအားဖြင် ဗီတာမင်အုပ်စု ပါဝင်လို့ မျက်လုံးအားနည်းရောဂါ၊ အမြင်မှုန်ဝါးခြင်း၊ စတာတွေကို အချိန်တိုအတွင်း ပျောက်ကင်းစေပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

2.6 (9 Votes)