ကြွက်သားတွေကို တည်ဆောက်ဖို့ဆိုရင် လုံလောက်တဲ့ ကယ်လိုရီနဲ့ ပရိုတင်းဓာတ်တွေ လိုအပ်ပါတယ်။

သင့်မှာလုံလောက်တဲ့ စွမ်းအင်တွေမရှိဘူးဆိုရင် ကြွက်သားကိုတည်ဆာက်လို့မရပါဘူး။

ဒါ့ကြောင့် ကြွက်သားကိုတည်ဆောက်နိုင်ဖို့ လုံလောက်တဲ့ အာဟာရတွေ၊ ဗီတာမင်၊ သတ္တုဓာတ်တွေနဲ့ Antioxidants တွေလိုအပ်ပါတယ်။

ဒါပေမယ့် စားချင်တိုင်းစားပြီး Gym ဆော့ကာ ကြွက်သားတည်ဆောက်ချင်လည်းမရပါဘူး။ ကယ်လိုရီ ၅၀၀ လောက်ရှိတဲ့ ကိတ်မုန့်တစ်ခုကို စားတဲ့အချိန်က မိနစ်အနည်းငယ်ဘဲကြာပေမယ့် ပြန် လောင်ကျွမ်းအောင် လုပ်ဆောင်ရတာကတော့ ၁ နာရီလောက်ကြာပါတယ်။

SixPack ထွက်အောင် Gym ဆော့ရင်း စားပေးသင့်တဲ့ အစားအစာကို ပြောပြပေးချင်ပါတယ်။

ဘလူးဘယ်ရီသီး (Blueberry)

ဘလူးဘယ်ရီသီးတွေမှာ Antioxidants တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကြွက်သားတွေကို Gym ဆော့ပြီးနောက် ပြန်လည်တည်ဆောက်ရာမှာ ကူညီပေးပါတယ်။

ဘလူးဘယ်ရီ (Blueberry) သီးတွေကို အသီးဖျော်ရည် (Smoothies) လုပ်သောက်တာဖြစ်ဖြစ်၊ ရေခဲသေတ္တာထဲထည့်ပြီး စားတာဖြစ်ဖြစ် စားသုံးလို့ရပါတယ်။

ကြက်ဥ

ကြက်ဥက ပရိုတင်းဓာတ်အရမ်းကြွယ်ဝတဲ့အစားအစာပါ။ အဲ့ဒီအပြင် အဆီဓာတ်၊ ဗီတာမင် D စတဲ့ ဓာတ်တွေလည်းပါဝင်ပါတယ်။ ဈေးလည်းသက်သာတဲ့ အစားအစာပါ။

ကြက်ဥကို မနက်စာမှာထည့်သွင်းစားသုံးပေးပါ။ ကြက်ဥတစ်လုံးလုံးဘဲစားမလား၊ အကာဘဲ စားမလားဆိုတာတော့ ကိုယ့်ရဲ့ စားသောက်မှုအစီအစဉ်အပေါ်မူတည်ပါတယ်။

ပဲနို့

ပဲနို့မှာ အမျှင်ဓာတ်၊ Antioxidants နဲ့ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်နေပါတယ်။ မနက်မိုးလင်း သို့ နေ့လည်တို့မှာ ပဲနို့အစစ်ကို သောက်ပေးပါ။ သဘာဝကနေ ထုတ်လုပ်ထားတဲ့ ပဲနို့ဆိုရင် အကောင်းဆုံးပါဘဲ။

ငှက်ပျောသီး

ငှက်ပျောသီးက အစာအိမ်ထဲရောက်သွားရင် ဝမ်းဗိုက်ကို ပူစေတာကို တိုက်ဖျက်ပေးတဲ့ ဘက်တီးရီးယားတွေထုတ်လုပ်ပေးပါတယ်။