ဒူးနာခြင်းဟာ အသက်အရွယ် ကြီးရင့်လာတဲ့အခါ အများဆုံး ခံစားရတဲ့ ဝေဒနာပါ။ ငယ်ရွယ်သူတွေမှာလည်း ဖြစ်တတ်ပါတယ်။ ဒူးနာသူတွေ၊ အဆစ်နာသူတွေ၊ အရိုးပွနဲ့ လေးဖက်နာသမားတွေအတွက် ဒူးကအရွတ်တွေကို အားကောင်းအောင် စားသောက်နေထိုင်ပေးမယ်ဆိုရင်တော့ ဒီဝေဒနာကနေ ကျော်လွှားနိုင်မှာပါ။

(၁)ငါး

Source: realfood.tesco.com

အိုမီဂါ ၃ အက်ဆစ်ဓာတ် ပါတဲ့ ငါးတွေကို စားပါ။ ဒီဓာတ်ဟာ အရွတ်တွေကို ပျော့ပြောင်းစေနိုင်ပါတယ်။

(၂)ဗီတာမင်စီ

Source: zdravie.pravda.sk

သည်အရွတ်များကို ကျန်းမာစေပြီး အင်တီအောက်ဆီးဒင့်ဓာတ်ကိုလည်း ရရှိစေသည်။ ဓာတ်တိုးဆန့်ကျင်မှုကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို လျော့ပါးစေသည်။ ဥပမာအားဖြင့် ရှောက်သီးကဲ့သို့ အချဉ်သီးများ၊ ဟင်းရွက်သုတ်၊ ကိုက်လန်၊ ငရုတ်ပွသီး၊ စတော်ဘယ်ရီတို့ ကို စားသုံးနိုင်သည်။

(၃)ဗီတာကရိုတင်း

တည်သီး၊ ပြောင်း၊ လိမ္မော်၊ သင်္ဘော၊ ရွှေဖရုံ၊ ငရုတ်သီးပွအနီအခွံပွ၊ လိမ္မော်သီးတို့တွင် ပါဝင်သည်။

Source: Hindustan Times

(၄) Quercetin

အင်တီအောက်ဆီးဒင့်ပါဝင်ပြီး ရောင်ရမ်းမှုကို ကာကွယ်ပေး နိုင်သောဓာတ်တစ်မျိုးဖြစ်ပြီး တည်သီး၊ ဘလူးဘယ်ရီ၊ ဘရိုကိုလီ၊ ကို ကိုးအမှုန့်၊ ရှောက်သီးများ၊သံလွင်ဆီ ၊ ကြက်သွန်ဖြူတို့တွင် ပါဝင်သဖြင့် စားသုံးသင့်သည်။

Source: Body Pain Facts

ရှောင်ကြဉ်ရန်မှာ အက်စစ် ဖြစ်စေသော အစာများ ဖြစ်တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ဘီယာ၊ အရက်၊ အချိုရည်များ၊ ဆေးလိပ်၊ ဟင်းခတ် အမွေးအကြိုင်များ၊ ဝမ်းတွင်း ကလီစာများနဲ့ အသင့် စားသုံးနိုင်တဲ့ အစားအစာများကို ရှောင်ကြဉ်ရမှာ ဖြစ်ပါတယ်။

Credit: Health Updates Journal