ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့အစားအစာများ

September 28, 2016

အူမကြီးကင်ဆာမဖြစ်အောင် ကာကွယ်ပေးတဲ့အစားအစာများ

Share this on:

ကင်ဆာရောဂါကိုကို လူတိုင်း ကြောက်ကြမှာပါ။ ကင်ဆာရောဂါမှ မဟုတ်ပါဘူး … ဘယ်ရောဂါပဲဖြစ်ဖြစ် လူတိုင်း ကြောက်ကြမှာပါဘဲ။ တစ်ချို့သော ရောဂါတွေဟာ အစားအသောက်ကြောင့်လည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက် ဆင်ခြင်ဖို့ လိုပါတယ်။ Shwemom ပရိသတ်ကြီးအတွက် အူမကြီးကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ အစားအသောက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အမျှင်ဓာတ်ကြွယ်ဝသော အစားအစားများ

Fruits

အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဟာ အူမကြီးရဲ့ ကျန်းမာရေးကို ကောင်းမွန်အောင် ထိန်းသိမ်းပေးပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကတော့ ပန်းဂေါ်ဖီနဲ့ ဂေါ်ဖီမျိုးရင်းဝင် ဟင်းရွက်များ၊ သရက်သီး၊ ပန်းသီး၊ ပဲအမျိုးမျိုး၊ ပဲတောင့်ရှည်အမျိုးမျိုး စတာတွေ ဖြစ်ပါတယ်။

(၂) ငါးအမျိုးမျိုး

Fish

ငါးတော်တော်များများမှာ ပရိုတိန်းဓာတ်နဲ့ Omega 3 Fatty ဓာတ်တွေ ပါဝင်ကြပါတယ်။ အထူးသဖြင့် ဆော်လမွန်ကဲ့သို့သော ငါးမျိုးကို များများစားပေးပါက အူမကြီးကင်ဆာကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားထဲမှာတော့ အနီရောင်အသားတွေကို မကျက်တကျက်စားခြင်းမှ ရှောင်ကြဉ်သင့်ပြီး အူမကြီးကင်ဆာဖြစ်ပွားမှုနဲ့ အဓိကဆက်နွယ်နေပါတယ်။

(၃) ကယ်လ်စီယံနဲ့ ဗီတာမင် D ကြွယ်ဝသော အစားအစာများ

Eggs and Nuts

ကယ်လ်စီယံကြွယ်ဝတဲ့ အစားအစာတွေထဲမှာ အသီးအရွက်မျိုးစုံ ဥအမျိုးမျိုး၊ နွားနို့၊ ဆိတ်နို့ စတာတွေ ပါဝင်ပါတယ်။ ဗီတာမင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေထဲမှာလည်း အသီးအရွက်မျိုးစုံ၊ ငါးအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့ ပါဝင်ပါတယ်။ ဒီအစားအစာတွေကတော့ အူမကြီးကင်ဆာကို မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

3.8 (14 Votes)