ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ဆံပင်ထူပြီး လက်သည်းခြေသည်း သန်မာစေဖို့

August 3, 2016

ဆံပင်ထူပြီး လက်သည်းခြေသည်း သန်မာစေဖို့

Share this on:

Shwemom ရဲ့ အမျိုးသမီးပရိသတ်ထဲမှာ ဆံပင်လက်သည်းကို တန်ဖိုးထားတဲ့ အမျိုးသမီးတွေ များစွာ ပါဝင်မယ်လို့ ယုံ
ကြည်ပါတယ်။ ဒါကြောင့် ဆံပင်ကျန်းမာရေးလည်း ကောင်းစေမယ့်၊ လက်သည်းခြေသည်းကိုလည်း လှပပြီး မာကျောစေ
မယ့် အစားအစာတွေကို ညွှန်းလိုက်ပါတယ်။

(၁) ပရိုတိန်းကြွယ်ဝသော အစားအစာများ

2

ပရိုတိန်းကြွယ်ဝတဲ့အစားအစာတွေကတော့ ဥအမျိုးမျိုး၊ အသားအမျိုးမျိုး၊ ပဲအမျိုးမျိုး တို့ဖြစ်ပါတယ်။ အသားအမျိုးမျိုးကို နေ့စဉ် မစားချင်ရင်တောင်မှ ဥအမျိုးမျိုးနဲ့ ပဲအမျိုးမျိုးကိုတော့ နေ့စဉ်စားပေးသင့်ပါတယ်။

(၂) အနီရောင်အသား

3

အနီရောင်ပါဝင်တဲ့ အသားတွေဖြစ်တဲ့ အမဲသား၊ ဆိတ်သား၊ ဆောလ်လမွန်ငါး စတာတွေကိုလည်း နေ့စဉ် အနည်းငယ်တော့ စားပေးသင့်ပါတယ်။ ဆံပင်၊ လက်သည်းခြေသည်းသာမက အမျိုးသမီးတွေ အဓိက လိုအပ်လေ့ရှိတဲ့ သံဓာတ်နဲ့
ကယ်လိုရီကိုလည်း ဖြည့်တင်းပေးနိုင်ပါတယ်။

(၃) ဘလူးဘယ်ရီသီး

4

ဘလူးဘယ်ရီသီးမှာ ဗီတာမင်အုပ်စု ပါဝင်ပြီး အထူးသဖြင့် အမျိုးသမီးတို့ အလှအပနဲ့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အ
ရေးပါတဲ့ ဗီတာမင် C ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဆံပင်ခြေသည်းလက်သည်းကိုသာမက အခြား ဆိုးဝါးပြင်းထန်တဲ့
ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

(၄) အယ်လ်မွန်သီး

5

အယ်လ်မွန်အသီးဟာ မက်မန်းမျိုးနွယ်ဝင် အသီးဖြစ်ပြီး အစေ့က ဗာဒံစေ့နဲ့တူပါတယ်။ အရသာလည်း တူပါတယ်။ အဲဒီ အစေ့မှာ မဂ္ဂနီစီယမ်နဲ့ သံဓာတ်များစွာ ပါဝင်လို့ အမျိုးသမီးတွေအတွက် ကျန်းမာရေးကောင်းမွန်တဲ့ ဆံပင်နဲ့ ခြေသည်းလက်သည်းတွေကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်။

(၅) ကနုကမာ

6

ကနုကမာမှာတော့ ဗီတာမင်ဓာတ်များ၊ သံဓာတ်၊ မဂ္ဂနီစီယမ်ဓာတ်၊ Omega 3 Fatty Acid ဓာတ်တွေ ပါဝင်လို့ အမျိုးသမီး
တို့အတွက် ဆံပင်၊ လက်သည်းခြေသည်းသာမက ခန္ဓာကိုယ်အသားရေအတွက်လည်း အထူးကောင်းမွန်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4.8 (4 Votes)