ဝမ်းချုပ်တယ်ဆိုတဲ့ဝေဒနာက တော်တော်လေးကို ခံစားရခက်တဲ့ဝေဒနာမျိုးပါပဲ။ အစားသောက်နေထိုင်ပုံတွေ မမှန်ကန်နေတာတွေကြောင့်လဲ ဝမ်းချုပ်ရတာပဲဖြစ်ပါတယ်။

ဝမ်းချုပ်တဲ့ပြဿနာကို ဖြေရှင်းနိုင်တာကလည်း အစားစာတွေနဲ့ပဲပြန်ပြီး ဖြေရှင်းနိုင်မှာပေါ့။ အခန့်မသင့်လို့ ဝမ်းချုပ်တဲ့ဝေဒနာခံစားနေရပြီဆိုရင် ဘယ်လိုတွေဖြေရှင်းကြမလဲ။ ဝမ်းချုပ်နေတဲ့ရက်ပိုင်းတွေမှာ ဒီအစားစာတွေကိုစားပေးမယ်ဆိုရင် ဝမ်းကိုပုံမှန်ပြန်ဖြစ်စေမှာပဲဖြစ်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ဗီတာမင်နဲ့ ပရိုတင်းဓာတ်တွေအပြင် ဝမ်းကိုအလွယ်တကူသွားအောင် ကူညီပေးနိုင်တဲ့မျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတာကြောင့် ပုံမှန်စားပေးမယ်ဆိုရင် ဝမ်းကိုမှန်စေပါတယ်။ တစ်ပတ်မှာ နှစ်ကြိမ်လောက်ပုံမှန်စားပေးမယ်ဆိုရင် ဝမ်းမှန်စေပါတယ်။

ကော်ဖီ

ကော်ဖီသောက်ပြီးသွားတဲ့အချိန်မှာ ဝမ်းသွားချင်သလိုဖြစ်တာမျိုးကို ကြုံဖူးကြမလားတော့မသိဘူးနော်။ ကော်ဖီမှာပါဝင်နေတဲ့ ကဖင်းဓာတ်က သင့်ကိုဝမ်းကောင်းကောင်းမှန်စေဖို့ အကူအညီပေးနိုင်တာကြောင့် မနက်ခင်းတိုင်းမှာ ကော်ဖီလေးတစ်ခွက်လောက်သောက်လိုက်ရင် စိတ်ကိုလည်းလန်းဆန်းပေါ့ပါးစေပြီး ဝမ်းလည်းမှန်စေမှာပဲဖြစ်ပါတယ်။

သင်္ဘောသီး

ဝမ်းချုပ်နေတဲ့အချိန်မျိုးမှာ စားပေးဖို့အသင့်တော်ဆုံးလို့ဆိုရင်လည်း မမှားပါဘူး။ သင်္ဘောသီးကအရည်လည်းရွှမ်းပြီး ဗီတာမင်ဓာတ်တွေ များစွာပါဝင်နေတာကြောင့် ဝမ်းမှန်စေဖို့အထောက်အကူပြုနေတဲ့ အသီးနှံပဲဖြစ်ပါတယ်။

ဒီအစားစာတွေကတော့ ဝမ်းချုပ်နေတဲ့အချိန်မျိုးတွေမှာ စားပေးဖို့အသင့်တော်ဆုံးအစားစာတွေပဲဖြစ်ပါတယ်။

Photo Source: Pexels