ကျန်းမာရေး - Health | အထွေထွေ ဗဟုသုတ - General Knowledge

ဘီယာနဲ့လိုက်ဖက်သော အစားအစာများ(၅)မျိုး

August 8, 2016

ဘီယာနဲ့လိုက်ဖက်သော အစားအစာများ(၅)မျိုး

Share this on:

ဘီယာဟာ တော်ရုံသင့်ရုံ သောက်သုံးရင် ကျန်းမာရေးအတွက်လည်း သင့်တော်ပါတယ်။ ဘီယာတွေအများကြီးပေါ် နေပေမယ့် တစ်ယောက်တစ်မျိုး အကြိုက်မတူကြပါဘူး။ အရင်တုန်းက မြန်မာဘီယာပဲရှိခဲ့ပေမယ့် အခုနောက်ပိုင်း အသစ်ထွက်တဲ့ထဲမှာ Yoma Beer အပြင် အခြားဘီယာတွေလည်း အရသာကောင်းတာကိုတွေ့ရပါတယ်။

(၁) ကြက်အူချောင်း/၀က်အူချောင်း

ဘီယာနဲ့အလိုက်အဖက်ဆုံး အစားအစာထဲမှာ ထိပ်ဆုံးကနေ ပါဝင်တာကတော့ ကြက်အူချောင်း/၀က်အူချောင်းဖြစ်ပါ တယ်။ ဘီယာမှာပါတဲ့ အလ်ကိုဟော် ပျော့ပျော့လေးကို တမြုံ့မြုံသောက်ရင်း ကြ က်အူချောင်း/၀က်အူချောင်း အဖက် လေးကို ဇိမ်ခံစားလိုက် လုပ်ရတာ တော်တော်လေး အဆင်ပြေပါတယ်။ အထူးသဖြင့် အရသာညက်တဲ့ ဘီယာမျိုးနဲ့ ဆိုပိုလိုက်ပါတယ်။ ဥပမာ Yoma Beer လိုမျိုးပေါ့။

(၂) အာလူးကြော်

2

ဘီယာသောက်နေတဲ့အချိန်မှာ အရင်ဆုံးမှာတတ်ကြတာက အာလူးကြွကြွက်ကြော်လေး တစ်ပွဲဖြစ်ပါလိမ့်မယ်။ ဘီယာကိုတောင် ကုန်လို့ကုန်မှန်းမသိစေတဲ့ အစားအစာလို့ ပြင်သစ်တွေကတော့ ညွှန်းကြပါတယ်။ ငရုတ်ဆော့အချဉ်ကလေးနဲ့ တို့တို့ပြီး ဘီယာတစ်ခွက် အားလူးကြော်တစ်ဖက်နဲ့ အတော်လိုက်ဖက်ပါတယ်။

(၃) ကြက်တောင်ပံ

3

ကြက်တောင်ပံကို မကြွပ်တကြွပ်ကလေး ပြုတ်ကြော်လေးလုပ်၊ ခရမ်းချဉ်သီးဆော့အချဉ်ကို အပေါ်ကနေ ဖြန်းပြီး၊ ဘီယာနဲ့မြည်းရတာကလည်း အတော်လေး ခံတွင်းတွေ့စရာပါ။ ကြက်တောင်ပံအကင် ဆိုရင်လည်း အဆင်ပြေပါတယ်၊ ကြက် တောင်ပံကို သုပ်ရင်လည်း အဆင်ပြေပါတယ်။ အားလုံးဟာ ဘီယာနဲ့လိုက်ဖက်ပါတယ်။

(၄) မြေပဲဆားလှော်

4

နောက်ထပ် ဘီယာနဲ့အလိုက်ဖက်ဆုံးကတော့ မြေပဲဆားလှော်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ မြေပဲအလွန်ပေါ်လို့ အနီး အနားမှာတင် ရှာလို့ရနိုင်တာမျိုးပါ။ မြေပဲစိမ့်စိမ့်လေးကို ၀ါးလိုက်၊ ဘီယာကလေးစုပ်လိုက်နဲ့ ဇိမ်ပါဘဲ။ (စကားမစပ်-ပြီးခဲ့ တဲ့ ဆယ်စုနှစ်လောက်တုန်းကတော့ မန္တလေးမှာ ဘီယာဆိုင်တော်တော်များများဟာ ဘီယာမှာလိုက်တာနဲ့ မြေပဲဆား လှော် ချပေးလေ့ရှိပါတယ်။ အခုတော့ အဲဒီကို မရောက်တာကြာတော့ ဒီဓလေ့ ရှိမရှိ မသိရပါ။)

(၅) ၀က်နံရိုးကြော်

5

ဘီယာနဲ့အလိုက်ဖက်ဆုံး အသားထဲမှာ ၀က်နံရိုးဟာ နာမည်ကြီးပါတယ်။ ၀က်နံရိုးကို အကြွပ်ကလေးကြော်ပြီး ဘီယာ လေးနဲ့ မြည်းရတာဟာ လောကရဲ့အကောင်းဆုံးအရသာတစ်ခုကို ခံစားနေရသလိုပါဘဲ။ ၀က်နံရိုးကို အချိုအစပ်အချဉ် ကြိုက်သလို စီမံနိုင်ပါတယ်။

Credit: Shwemom http://shwemom.com

Review

User Rating

4.5 (11 Votes)