အသည်းအဆီဖုံးတာနဲ့ပတ်သတ်လို့ အမျိုးအစား ၂ မျိုးတွေ့ရပါတယ်။ အရက်သောက်တာများလို့ အသည်းအဆီဖုံးတာနဲ့ အရက်ကြောင့်မဟုတ်ဘဲ အသည်းအဆီဖုံးတာပါ။ အများအားဖြင့် အနောက်တိုင်းတွေမှာ အဖြစ်များပါတယ်။

liver-2-e1466770738592

အဝလွန်တဲ့သူတွေမှာအဖြစ်များကြပါတယ်။ အသည်းမှာအဆီတွေ စုလာတာကြောင့်ဖြစ်လာရတာပါ။ အသည်းဟာ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး အင်္ဂါရပ်တစ်ခုမှာပါဝင်လို့ အသည်းကို ပြန်လည်သန့်စင်ပေးနိုင်တဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

ငှက်ပျောသီး

Is-it-Okay-to-Eat-Two-Bananas-a-Day

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်ပြီး အသည်းကို သဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္တာကိုယ်အတွင်းကအဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ဂျင်း

cook-with-ginger-or-turmeric

ဂျင်းမှာ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အစာချေစနစ်ကိုကောင်းမွန်စေပြီး ခန္တာကိုယအတွင်းက အဆိပ်အတောက်တွေကို သန့်စင်ပေးပါတယ်။ Antioxidant တွေကြွယ်ဝစွာပါဝင်လို့ ကိုယ်ခံအားစနစ်ကိုသန့်စင်ပေးနိုင်ပါတယ်။ ဂျင်းကို ရေနွေးနဲ့စိမ်ပြီးပုံမှန်သောက်ပေးခြင်းဖြင့် အသည်းကို ကျန်းမာစေပါတယ်။

ကန်ဇွန်းဥ

japanese-sweet-potatoes

ကန်ဇွန်းဥဟာဆိုရင်လည်း ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အသည်းကို သန့်စင်ပေးနိုင်ပါတယ်။ ဒါ့အပြင် သံဓါတ် ဗီတာမင် B6၊C နဲ့ ဗီတာမင် D ဓါတ်တွေလည်းပါဝင်ပါတယ်။

နနွင်း

turmeric-2

နနွင်းဟာဆိုရင်လည်း ဆေးစွမ်းထက်တဲ့ ဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်ပါတယ်။ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကိုလျှော့ချပေးပါတယ်။ အစာချေစနစ်ကိုကောင်းမွန်စေပြီးတော့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်လို့ အသည်းရဲ့လုပ်ဆောင်မှုကို တိုးတက်စေပါတယ်။

အသီးအရွက် အစိမ်းတွေ

boiledveggies

ချက်ပြီးသားမဟုတ်တဲ့ အသီးအရွက်အစိမ်းတွေဟာ အသည်းကို သန့်စင်ပေးနိုင်ပါတယ်။ မုန်လာထုပ်၊ နိုကိုဥ၊ နံနံပင်၊ ပန်းမုန်လာစိမ်း စတာတွေဟာ အသည်းကိုသန့်စင်ပေးနိုင်ပါတယ်။

ဗီတာမင် E

blog_082712-vitamin-e

ဗီတာမင် E ပါဝင်တဲ့အစားအစာတွေဟာ အသည်းထိခိုက်ထားတဲ့သူတွေအတွက် အထူးကောင်းမွန်ပါတယ်။ အသည်းကိုသန့်စင်ပေးပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

အသည်းတွေ

chicken-liver-and-gizzard

အသည်းမှာ ဗီတာမင် A,V, Folic Acid, သံဓါတ် စတာတွေပါဝင်ပြီး အသည်းကိုကျန်းမာစေတဲ့အစားအစာဖြစ်ပါတယ်။