အစားအစာတော်တော်များများက အပြင်ပိုင်းမှာ မြင်သလို ကျန်းမာရေးနဲ့ ညီညွတ်ကျတာမဟုတ်ပါဘူး။

တချို့ အစားအစာတွေက သင့်ဦးနှောက်ကို ဖျက်ဆီးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ ဦးနှောက်ကို ပိုင်ဆိုင်နိုင်ဖို့ ဒီအစားအစာတွေကို ရှောင်ရှားဖို့လိုအပ်ပါတယ်။

မာကျုရီဓာတ်ပါဝင်မှုများတဲ့ ငါးများ

မာကျုရီဓာတ်ပါဝင်မှုများတဲ့ငါးတွေကို စားတာများရင် အာရုံခံမှုပိုင်းဆိုင်ရာ၊ ဦးနှောက်အာရုံကြောတွေနဲ့ ဦးနှောက် ဖွံ့ဖြိုးမှုမှာ ပြဿနာရှိနိုင်ပါတယ်။ တူနာငါးဟာ မာကျုရီဓာတ်ပါဝင်မှုများတဲ့ ငါးတစ်မျိုးဖြစ်ပါတယ်။ ငါးမန်းမှာလည်း မာကျုရီဓာတ်ပါဝင်မှုများတဲ့ ငါးတစ်မျိုးဖြစ်ပြီး တခြား မာကျုရီဓာတ်ပါဝင်မှုများတဲ့ ငါးတွေလည်း ရှိပါတယ်။

Hydrogenated Oil

Hydrogenated Oil ပါဝင်တဲ့ အစားအစာတွေကို ကမ္ဘာ့ စားနပ်ရိက္ခာ စောင့်ကြည့်ရေးအဖွဲ့က စောင့်ကြည့်ထိန်းသိမ်းဖို့ လုပ်ဆောင်နေပါတယ်။ Hydrogenated Oil ပါဝင်တဲ့ အစားအစာတွေက ကြော်ထားတဲ့ အစားအစာများ၊ ခဲထားတဲ့ ပီဇာ၊ ကိတ်မုန့်၊ ကွတ်ကီး နဲ့ ကော်ဖီ Creamers တို့မှာပါဝင်နေပါတယ်။

အသင့်စားအစားအစာများ (Fast Food)

သကြားပါဝင်မှုများတဲ့ အသင့်စား အစားအစာများကို စားသုံးတာများတဲ့သူဟာ ဦးနှောက်ကို ထိခိုက်နိုင်ပါတယ်။ အဲ့ဒီအပြင် စိတ်ဓာတ်ကျမှုကိုလည်း ပိုပြီး ဖြစ်စေနိုင်ပါတယ်။

ဆိုဒီယမ်ပါဝင်တဲ့ အစားအစာများ

အိမ်သုံးဆားရဲ့ အသုံးဝင်ပုံများ

ဆိုဒီယမ် (Sodium) ပါဝင်မှုများတဲ့ အစားအစာများဟာ သွေးတိုးကို ဖြစ်စေပြီး ဦးနှောက်ရဲ့ အာရုံကြောတွေကို ထိခိုက်နိုင်ပါတယ်။